EPL: မန်စီးတီးကို အိမ်ကွင်းမှာ အနိုင်ယူပြီး စပါးက ဒုတိယနေရာကို တက်လှမ်း

နည်းပြဂွါဒီယိုလာ လက်ထက်မှာ မန်စီးတီးအသင်းရဲ့ ပထမဆုံး ရှုံးပွဲဖြစ်ပါတယ်။

play

 

နည်းပြ ဂွါဒီယိုလာလက်ထက် ပထမဆုံး ရှုံးပွဲကို ဒီနေ့စပါးအသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ မန်စီးတီး ခံစားလိုက်ရပါတယ်။

မန်စီးတီးအသင်းက စပါးအသင်းအိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး အဂူရို၊ စတာလင်၊ ဆေးလ်ဗား တို့အားလုံး လူစုံပွဲထွက်စေခဲ့ပါတယ်။ စပါးအသင်းကတော့ ဟယ်ရီကိန်းကို အသုံးပြုနိုင်သေးတဲ့အတွက် အခုတလော တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ကိုပဲ ပွဲထုတ်ခဲ့တာပါ။

play

 

ပွဲစကတည်းက စပါးအသင်းက မန်စီိးတီးဘက်ကမထင်မှတ်လောက်အောင် တိုက်စစ်ဆင်ခဲ့တာဖြစ်ပြီး မန်စီးတီးဘက်ကလည်း မိနစ်အနည်းငယ်အတွင်းပွဲကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။ စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ထိုးဖောက်ချက်တွေဟာ မန်စီးတီး နောက်တန်းအတွက် အလုပ်ရှုပ်စရာ ဖြစ်ခဲ့ရပါတယ်။

play

 

ကိုးမိနစ်မှာ စပါးအသင်းမထင်မှတ်ဘဲ ဦးဆောင်ဂိုးရသွားပါတယ်။ ဘယ်ခြမ်းကနေ ဒန်နီရို့စ် ဖြတ်တင်လိုက်တဲ့ ဘောလုံးဟာ စပါးကစားသမားတွေဆီ မရောက်ခဲ့ပေမဲ့ မန်စီးတီးနောက်ခံကစားသမား ကိုလာရော့ဗ်နဲ့ ထိပြီးဂိုးဝင်သွားတာဖြစ်ပါတယ်။

play

 

ဒီနေ့ပွဲမှာ မန်စီိးတီးအသင်းနောက်တန်း ကစားပုံဟာ အမှားများခဲ့တဲ့အတွက် စပါးကို အခွင့်အရေး အကြိမ်ကြိမ် ရခဲ့ပြီး မန်စီးတီး တိုက်စစ်ကလည်း ရှေ့ကို ရဲရဲဝံ့ဝံ့တိုက်စစ်မဆင်နိုင် ဖြစ်ခဲ့ပါတယ်။

play

 

၃၇ မိနစ်မှာ စပါးအသင်း ဒုတိယဂိုးထပ်ရပြန်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ မွှေနှောက်ထိုးဖောက်ချက်ကြောင့် မန်စီးတီးနောက်တန်းပြာယာခပ်ခဲ့ရရပါတယ်။ ဆွန်ဟောင်မင်က ဂိုးဧရိယာထဲ ရောက်လာတဲ့ အလီကို ပေးပို့လိုက်တာကတစ်ဆင့် အလီက သွင်းယူလိုက်တာပါ။

play

 

ဒုတိယပိုင်း ၆၅ မိနစ်မှာ စပါးအသင်း ပင်နယ်တီရခဲ့သေးပေမဲ့ လန်မလာ ကန်သွင်းရာမှာ ဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီိနောက် အီဟာနာချိုမန်စီးတီးတိုက်စစ်မှာ နာဗက်စ်အစား ဝင်ရောက်လာပါတယ်။

ှSource : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ