EPL: မန်ယူ ၁-၁ စတုတ်စီးတီး ပွဲစဉ်အပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်

နောက်ကျချေပဂိုးကြောင့် မန်ယူဟာ သရေတစ်မှတ်သာရခဲ့ပြီးဖိအားများနေရပါပြီ။

play

 

လီဗာပူးကစားသမားဟောင်း ဂျိုးအယ်လန်ရဲ့ နောက်ကျချေပဂိုးကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ မှာ သရေတစ်မှတ်သာ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲမှာ တစ်ပွဲပဲ အနိုင်ရထားတဲ့အတွက်လည်း မော်ရင်ဟိုနဲ့ မန်ယူအသင်းသားတွေဟာ ဖိအားများသထက် များပါတယ်။ ဒီပွဲအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ အိုးထရက်ဖို့ဒ်မှာ ဘုရင်ကြီးမဟုတ်တော့တဲ့ ရွန်နေး

play

 

စတုတ်နဲ့ပွဲမှာလည်း ရွန်နေးဟာ ပွဲထွက်ခွင့်မရဘဲ အရန်ခုံထိုင်ခဲ့ရပါတယ်။ သုံးပွဲဆက်တိုက်ပွဲထွက်ခွင့် မရတဲ့အတွက် မန်ယူအသင်းမှာ ရွန်နေးဟာ အရေးပါမှုဟာ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ပါပြီ။

၂။ နံပါတ် ၁၀ ကစားကွက်မှာ အသားကျလာတဲ့ မာတာ

play

 

မာတာဟာ အချိန်အနည်းငယ်ယူခဲ့ပြီးနောက် အသင်းရဲ့ ကွင်းလယ်တိုက်စစ် နံပါတ် ၁၀ နေရာမှာ အသားကျလာပြီလို့ ဆိုနိုင်ပါတယ်။ စတုတ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ တိုက်စစ်ကိုမာတာရဲ့ ပံ့ပိုးပေးမှုတွေဟာ ကောင်းမွန်ခဲ့တာတွေ့ရပါတယ်။

၃။ အချိန်ကောင်းမှာ ခြေစွမ်းပြခဲ့တဲ့ မာရှယ်

play

 

မာရှယ်ဟာ မော်ရင်ဟိုလက်ထက်မှာ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ မော်ရင်ဟို ယုံကြည်ထားတဲ့ ရက်ရှ်ဖို့ဒ်က ပွဲတိုင်းအလုပ်မဖြစ်တဲ့အချိန်မှာ မာရှယ်က အသင်းတွက် လူစားဝင်လာပြီးဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

၎။ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်

play

 

ဒုတိယပိုင်း ၅၃ မိနစ်လောက်မှာ ဂျိုးအယ်လန်ကို မန်ယူကစားသမား ဟာရဲယားဖျက်ထုတ်လိုက်တာဟာ အရေးယူမှု လုပ်ရမယ့်အရာဖြစ်တယ်လို့ ဘောလုံးပွဲသုံးသပ်သူတွေက ဆိုပါတယ်။ အနီကတ်ပြရလောက်တဲ့ ဖျက်ထုတ်မှုမျိုးဖြစ်တယ်ဆိုပေမဲ့ ဟာရဲယားဟာ အဝါကတ်သာ အပြခံခဲ့ရပါတယ်။

၅။ သူရဲကောင်းဖြစ်သွားတဲ့ ဂိုးသမား ဂရန့်

play

 

မန်ယူအသင်းက ဒီပွဲမှာ စတုတ်စီးတီးဂိုးပေါက်ကို ၂၆ ကြိမ်လောက် ကန်သွင်းယူခဲ့တာပါ။ ဒါပေမဲ့လည်း ဂိုးသမားဂရန့်ရဲ့ အံ့အားသင့်ဖွယ် လက်စွမ်းက မန်ယူကို သရေတစ်မှတ်သာပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ