EPL: မန်ချက်စတာအသင်းတွေ ရလဒ်မကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လေ့လာစရာ (၅) ချက်

ဒီတစ်ပတ်ပွဲစဉ်တွေအပြီးမှာ စပါးနဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရောက်နေပြီဆိုတာ ပိုပြီးသတိထားမိသွားပါတယ်။

play

 

မန်ချက်စတာအသင်းတွေ အခြေအနေမကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်-၇ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ စပါးအသင်းရဲ့ ချန်ပီယံလမ်းကြောင်းကို ပိုပြီး သတိထားမိသွားစေတဲ့အပြင် လီဗာပူးအသင်းဟာလည်း ချန်ပီယံလမ်းကြောင်းပေါ်မှာ ထင်ထင်ရှားရှား ရှိနေတာ ပိုပြီးပေါ်လွင်လာပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ရှုံးပွဲမရှိ စပါး

play

 

ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတာ စပါးတစ်သင်းသာ ကျန်ပါတော့တယ်။ မန်စီးတီးအသင်းကို အနိုင်ယူပြပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာတဲ့ စပါးအသင်းဟာ ချန်ပီယံလမ်းကြောင်းပေါ် ရောက်နေပြီဆိုတာ ထင်ရှားပါတယ်။

၂။ နှစ် ၂၀ ပြည့် အာစင်ဝင်ဂါး

play

 

ဘန်လေအသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက် နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်ပွဲစဉ် ဖြစ်ပါတယ်။ မကြာမကြာမြင်နေရတဲ့ "မစ္စတာအာစင်ဝင်းဂါး နှုတ်ထွက်ပေး" ဆိုတဲ့ စာသားအစား "ကျေးဇူးတင်လျက်ပါ အာစင်" ဆိုတဲ့  နဖူးစည်းတွေကို အာစင်နယ်ပရိသတ်တွေ ဒီပွဲမှာ ကိုင်ဆောင်ခဲ့ကြပါတယ်။

၃။ ဆောက်သမ်တန်ကို ဒုက္ခပေးနေတဲ့ ယူရိုပါလိဂ်

play

 

ယူရိုပါလိဂ်ပွဲနွှဲနေရတဲ့ ဆောက်သမ်တန်ဟာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရပါတယ်။ လက်စတာနဲ့ သရေကျခဲ့တဲ့အပြင် ကစားပြီးတဲ့ ၇ ပွဲမှာ နှစ်ပွဲသာ နိုင်ထားပါတယ်။

၎။ ရွန်နေးရဲ့ အနာဂတ်

play

 

မန်ယူအသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တောက်ပခဲ့ပြီးနောက် ရွန်နေးရဲ့ကြယ်ပွင့်ကစားသမားဘဝ ကုန်ဆုံးချိန်ဟာ ရောက်လာခဲ့ပါပြီ။  သုံးပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရပြီဖြစ်တဲ့ ရွန်နေးဟာ အသင်းရဲ့ ပထမအသင်း ဦးစားပေးပွဲထွက်ခွင့်ရတဲ့ ကစားသမား ထပ်ပြီးမဟုတ်တော့ပါဘူး။ နောက်လည်းရွန်နေးဟာ ပွဲထွက်ခွင့်ပုံမှန် မရနိုင်ဖို့ အခွင့်အရေးများသွားပြီဖြစ်ပါတယ်။

၅။ အထုတ်ခံတော့မည့် နည်းပြများ

play

 

ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးနောက်အထုတ်ခံရဖို့ နီးစပ်နေတဲ့ နည်းပြဟာ နှစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆွမ်ဆီးနည်းပြ ဂွီဒိုလင်နဲ့ အက်စတွန်ဗီလာနည်းပြ ဒီမက်တီယိုတို့ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ဒီနည်းပြတွေအတွက် အဖြေထွက်လာနိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ