EPL: နည်းပြဟောင်း ဗန်ဟားလ်က မော်ရင်ဟိုထက် ရလဒ်ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့

ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးရလဒ်ချင်း နှိုင်းယှဉ်ရာမှာ ဗန်ဟားလ်ရဲ့ ရလဒ်က မော်ရင်ဟိုထက် ပိုကောင်းခဲ့တာတွေ့ရပါတယ်။

play

 

စတုတ်စီးတီးအသင်းကို မန်ယူကို သရေကျခဲ့ပြီးနောက် လက်ရှိနည်းပြမော်ရင်ဟိုရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၇ ပွဲရလဒ်ဟာ နည်းပြဗန်ဟားလ်တုန်းကထက် ဆိုးရွားနေတယ်လို့ သိရပါတယ်။

play

 

နည်းပြ မော်ရင်ဟိုဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ် ပထမဆုံး ၇ ပွဲကိုင်တွယ်ခဲ့ပြီးနောက် ၁၃ မှတ် ရရှိထားခဲ့ပြီးပြီဖြစ်ပါတယ်။ ပထမဆုံးသုံးပွဲ ဆက်တိုက် အနိုင်ရခဲ့ပေမဲ့ မန်စီးတီးနဲ့ ဝက်ဖို့ဒ်ကိုအသင်းကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ပွဲမှာလက်စတာကို ပြန်နိုင်ခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ စတုတ်စီးတီးကို သရေကျခဲ့တာကြောင့် နောက်ဆုံးလေးပွဲမှာ တစ်ပွဲပဲ နိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

play

 

မော်ရင်ဟိုရဲ့ မန်ယူနည်းပြဘဝ ပထမဆုံး ၇ ပရီးမီးယားလိဂ် ၇ ပွဲအပြီး ရလာတဲ့ရလဒ်ဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ နည်းပြဗန်ဟား စွမ်းဆောင်နိုင်ခဲ့တဲ့ ရလဒ်ထက် ပိုပြီး ဆိုးရွားနေပါတယ်။ ၂၀၁၅-၁၆ ပရီးမီးယားလိဂ် ရာသီမှာ နည်းပြဗန်ဟားလ်ဟာ ပွဲစဉ် ၇ အပြီး မန်ယူအသင်းကို ၁၆ မှတ်ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မော်ရင်ဟိုရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၇ ပွဲရလဒ်ထက်စာရင် နည်းပြဗန်ဟားလ်လက်ထက်မှာ ပိုပြီးရလဒ်ကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ