EPL: ဆွမ်ဆီးနှင့် အက်စတွန်ဗီလာအသင်း နည်းပြများကို အသီးသီး ထုတ်ပယ်

ချန်ပီယံရှစ် ကလပ် အက်စတွန်ဗီလာက ဒီမက်တီယိုကို ခန့်အပ်ပြီး ၁၂၄ ရက်အကြာမှာ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပြီးဆုံးခဲ့ပြီးနောက် ရုန်းကန်နေရတဲ့ ဆွမ်ဆီးအသင်းနဲ့ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းတို့ဟာ နည်းပြတွေကို ထုတ်ပယ်လိုက်ကြောင်းသိရပါတယ်။

ဆွမ်ဆီးအသင်းက နည်းပြဂွီဒိုလင်ကို ထုတ်ပယ်ကြောင်း အရင်ကြေညာခဲ့တာပါ။အဲဒီနောက် တစ်နေ့တည်းမှာပဲ အက်စတွန်ဗီလာအသင်းကလည်း နည်းပြ ဒီမက်တီယိုကို ထုတ်ပယ်ကြောင်း ကြေညာခဲ့ပြန်ပါတယ်။ ဆွမ်ဆီးအသင်းဟာ ရလဒ်မကောင်းဖြစ်နေတဲ့အတွက် နည်းပြဂွီဒိုလင်နဲ့ လမ်းခွဲပြီး အမေရိကန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဘော့ဘရက်ဒလေကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

play

 

ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာကလည်း ၁၁ ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲပဲ ရခဲ့တဲ့အတွက် နည်းပြဒီမက်တီယိုကို ထုတ်ပယ်ခဲ့တာဖြစ်ြပါတယ်။ အက်စတွန်ဗီလာအသင်းဟာ နည်းပြဒီမက်တီယိုကို ဇွန်လကမှ စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၁၂၄ ရက်အကြာမှာ ထုတ်ခဲ့တာဖြစ်ပါတယ်။

ှSource : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ