EPL: ဂါရက်ဘေးလ်ကို ခေါ်ယူရန် မန်ယူ လျှို့ဝှက်ဆွေးနွေးနေဟု သတင်းထွက်

ဂါရက်ဘေးလ်ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာချင်နေတာလို့ ဆိုပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ဂါရက်ဘေးလ်ကို ခေါ်ယူဖို့ မန်ယူအသင်း လျှို့ဝှက်ဆွေးနွေးနေတယ်လို့ စပိန်သတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်နေ့တခြား အဆင်မပြေမှုတွေ ဖြစ်နေတဲ့ ဂါရက်ဘေးလ်ကလည်း အသင်းပြောင်းဖို့ စဉ်းစားနေပြီလို့ ဆိုပါတယ်။ ဂါရက်ဘေးလ်ရဲ့ ကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ မန်ချက်စတာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ရေးသားဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုရဲ့ အရှိန်အဝါကို မကျော်ဖြတ်နိုင်ဖြစ်နေတဲ့အတွက် ဂါရက်ဘေးလက် အသင်းပြောင်းချင်နေတာလို့လည်း ဗြိတိန်သတင်းတွေက ရေးသားဖော်ပြပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းမှာ အကောင်းဆုံးပုံစံရနေတဲ့ ဂါရက်ဘေးလ်ကို အသင်းဘက်က တစ်နှစ် လုပ်ခလစာ ပေါင် ၁၇ သန်းနဲ့ စာချုပ်ထပ်ချုပ်ချင်ပေမဲ့ ဂါရက်ဘေးလ်က ပြောင်းရွှေ့ချင်တယ်နေတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ဂါရက်ဘေးလ်နဲ့ အသင်းနည်းပြဇီဒန်း မကျေမလည် ဖြစ်ခဲ့သေးတယ်လို့ ပြောပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ