EPL: တစ်လတာ အကောင်းဆုံးနည်းပြဆုအတွက် အာစင်ဝင်းဂါး၊ ဂျာဂန်ကလော့နှင့် ဂွါဒီယိုလာ ရေပန်းစား

, updated

စက်တင်ဘာလအတွက် အကောင်းဆုံး နည်းပြဆု ဆန်ခါတင်နည်းပြ ငါးဦးစာရင်းထွက်ပေါ်လာပါတယ်။

play

 

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆု ဆန်ခါတင်စာရင်းမှာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ၊ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနဲ့ လီဗာပူးနည်းပြ ဂျာဂန်ကလော့တို့ ပါဝင်နေကြောင်း သိရပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးက ပထမဆုံးရှုံးပွဲတွေ့ခဲ့ပေမဲ့လည်း ဂွါဒီယိုလာကတော့ တစ်လတာအကောင်းဆုံးနည်းပြစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ အကောင်းဆုံးနည်းပြ ဆန်ခါတင်စာရင်းထဲမှာ စပါးနည်ပြးပိုချက်တီနိုလည်း ပါဝင်နေပါတယ်။

play

 

စပါးအသင်းဟာ စက်တင်ဘာလအတွင်းမှာ ပရီးမီးယားလိဂ် သုံးပွဲအနိုင်ရအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းလည်း ဒီလထဲမှာ သုံးပွဲအနိုင်ရအောင် ကစားထားနိုင်ပါတယ်။ လီဗာပူးအသင်းလည်း သုံးပွဲဆက်တိုက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး ဂိုး ၁၃ ဂိုးအထိ သွင်းယူထားပါတယ်။ တစ်လတည်း သုံးပွဲအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် နည်းပြ အလန်ပါဂျူးလည်း ဆန်ခါတင် စာရင်းထဲ ပါဝင်နေပါတယ်။

ှSource : EPL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ