EPL: မန်ယူ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ခက်ခဲနိုင်တဲ့ အကြောင်းပြချက် (၄) ခု

, updated

အချက်အလက်တွေက မန်ယူအသင်း ဒီနှစ်လည်း အခက်အခဲတွေ့နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။

play

 

မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်တဲ့ရာသီအစမှာ ကွန်မြူနတီဒိုင်း ရလိုက်တဲ့အပြင် ပထမဆုံးသုံးပွဲဆက် အနိုင်ရလိုက်လို့ အသင်းဟာ အခြေအနေပြန်ကောင်းနေပြီလားလို့ မျှော်လင့်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးကို ရှုံးတဲ့ပွဲကစလို့ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပွဲတိုင်း ရုန်းကန်ခဲ့ရပြီး ရလဒ်တွေဆိုးရွားလာပြန်ပါတယ်။ လက်ရှိအသင်းရဲ့ခြေစွမ်းအရ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားတဲ့အသင်းတွေထဲမှာ ပါမနေခဲ့ပါဘူး။ မန်ယူဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ခက်ခဲနိုင်တယ်ဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ ဗန်ဟားလ်ထက် ရလဒ်ဆိုးနေခြင်း

play

 

ပြီးခဲ့တဲ့ ရာသီက နည်းပြဗန်ဟားလ်လက်ထက် ၇ ပွဲကစားပြီးချိန်မှာ မန်ယူအသင်းက ဒီထက်ပိုပြီး ရလဒ်ကောင်းပါတယ်။ မော်ရင်ဟိုက ၇ ပွဲကစားပြီး ၁၃ မှတ်ရထားချိန်မှာ မနှစ်က ဗန်ဟားလ်တောင် ၁၆ မှတ်ရခဲ့ပါတယ်။

၂။ ခံစစ်အားနည်းခြင်း

play

 

မနှစ်က အောက်တိုဘာလရောက်တော့ မန်ယူအသင်းဟာ ၅ ဂိုးပဲပေးထားရပါသေးတယ်။ အခုတော့ မော်ရင်ဟိုလက်ထက်မှာ ၈ ဂိုးအထိ ပေးထားရပါတယ်။ ဒါဟာ ခံစစ်ပိုပြီးအားနည်းနေတာကို ပြနေတာပါ။

၎။ ပြိုင်ဘက်များ အင်အားကောင်းခြင်း

play

 

မန်ယူအသင်းရဲ့ ပြိုင်ဘက်ဟာ မန်စီးတီး၊ အာဆင်နယ်တို့တင် မဟုတ်ပါဘူး။ စပါး၊ လီဗာပူး စတဲ့အသင်းတွေကလည်း အရှိန်ကောင်းကောင်းနဲ့ ရလဒ်တွေ ပိုကောင်းလာနေကြပါတယ်။ ဒါကြောင့် မန်ယူအတွက် ချန်ပီယံလိဂ် ဝင်ဖို့ဟာ ပိုပြီး ခက်ခဲနိုင်ပါတယ်။

၎။ အီဗရာဟီမိုဗစ်ခ်ျကို အားကိုးနေရခြင်း

play

 

အီဗရာဟီမိုဗစ်ခ်ျ ဂိုးပေါက်တွေ့တဲ့ပွဲဆိုရင် မန်ယူဟာ ရလဒ်ကောင်းနေတတ်ပါတယ်။ ဆိုလိုတာကတော့ မိုဗစ်ခ်ျဂိုးမသွင်းနိုင်ရင်မန်ယူ ရုန်းကန်ရပြီး ဘယ်တိုက်စစ်ကစားသမား ဂိုးသွင်းမှန်းမသိ ဖြစ်နေရပါတယ်။ ရက်ရှ်ဖို့နဲ့ မာရှယ်ဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မရသေးပါဘူး။ အီဗရာဟီမိုဗစ်ခ်ျရဲ့ အသက်ဟာ ၃၅ နှစ်ရှိနေပြီဖြစ်လို့ ရှေ့လျှောက်ကစားရမယ့် ပွဲစဉ်တွေမှာ မန်ယူဂိုးရဖို့ စိုးရိမ်စရာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ