EPL: လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲက အကောင်းဆုံး ကစားသမား (၁၁) ဦး

ပရီးမီးယားလိဂ် ပြိုင်ပွဲ ငါးပုံတစ်ပုံ ကျော်လာချိန်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမားတွေလည်း ရှိနေပါပြီ။

play

 

ပရီးမီးယားလိဂ် ရာသီက စတင်ပြီးလို့ ၇ ပွဲသာရှိပါသေးတယ်။ ဒါပေမဲ့ အသင်းအသီးသီးမှာ ခြေစွမ်းပြကစားသမားတွေ ထွက်ပေါ်ပြီးပြီ ဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတွေကို စုပေါင်းပြီး ကြယ်ပွင့်ကစားသမားအသင်း အဖြစ် ကစားသမား ၁၁ ဦးကို goal.com ကရွေးချယ်ထားပါတယ်။

၁။ ဟူဂိုလိုရစ် (စပါး)

play

 

စပါးဂိုးသမား ဟူဂိုလိုရစ်ဟာ ဒီရာသီမှာပြိုင်ဘက်အသင်းရဲ့ အဖွင့်တိုက်စစ်ကစားပုံ (open play) ကနေတစ်ဂိုးမှ မပေးရသေးပါဘူး

၂။ ကိုင်လီဝေါ်လ်ကာ (စပါး)

play

 

့ပရီးမီးယားလိဂ်က ညာနောက်ခံကစားသမားတွေထဲမှာတော့ ကိုင်လီဝေါ်လ်ကာက လက်ရှိမှာ အကောင်းဆုံးပါ။

၃။ အယ်လ်ဒါဝီရယ် (စပါး)

play

 

စပါးအသင်းရဲ့ နောက်တန်းကစားပုံဟာ ဒီရာသီပရီးမီးယားလိဂ် အကောင်းဆုံးဖြစ်ပြီး ၁၉၆၀-၆၁ နောက်ပိုင်း အကောင်းဆုံးပုံစံ ရနေတာဖြစ်ပါတယ်။ အယ်လ်ဒါဝီရယ်ကလည်း စပါးဗဟိုခံစစ်မှာ ခြေစွမ်းပြနေပါတယ်။

၎။ ကိုစီရယ်နီ (အာဆင်နယ်)

play

 

ဒီရာသီအာာဆင်နယ်အသင်း နိုင်သင့်တဲ့ပွဲတွေ အနိုင်ရအောင် ကိုစီရယ်နီကနောက်တန်း လုံခြုံဖို့ တာဝန်ယူပေးထားပါတယ်။

၅။ ဘယ်လာရင် (အာဆင်နယ်)

ဘယ်လာရင်ခြေစွမ်း အတက်ဆုံးအချိန်ရောက်နေလို့ ဘာစီလိုနာကတောင် အသည်းအသန် ပြန်လိုချင်နေတာပါ။

၆။ ကာပူး (ဝက်ဖို့ဒ်)

play

 

ဝက်ဖို့ဒ်ရဲ့ ဗဟိုကွင်းလယ်မှာ ခြေစွမ်းအငြိမ်ဆုံးဖြစ်ပြီး ၇ ပွဲမှာ လေးဂိုးသွင်းထားပါတယ်။

၇။ လယ်လာနာ (လီဗာပူး)

play

 

လီဗာပူးအသင်းရဲ့ အပြောင်းအလဲကာလမှာ လယ်လာနာ အရေးပါသူဖြစ်နေပြီး ဂိုးတွေလည်း အထောက်အပံ့ပြုလုပ်ပေးနိုင်နေပါတယ်။

၈။ စတာလင် (မန်စီးတီး)

play

 

မန်စီးတီးရဲ့ ညာတောင်ပံမှ စတာလင်ဟာ ပထမကစားသမားဖြစ်ပြီး လေးဂိုးအထိ သွင်းယူထားပါတယ်။

၉။ ဒီဘရိုင်း (မန်စီးတီး)

play

 

ဒဏ်ရာကြောင့် ဒီဘရိုင်းမပါနိုင်တဲ့ပွဲမှာ မန်စီးတီး ရှုံးပွဲစတွေ့တာပါပဲ။

၁၀။ ဆွန်ဟောင်မင် (စပါး)

play

 

ဆွန်ဟောင်မင်ဟာ နံပါတ် ၉ တိုက်စစ်မှူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟယ်ရီကိန်း မရှိတော့တဲ့အချိန်မှာ ဆွန်ဟောင်မင်က စပါးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

၁၁။ ကော်စတာ (ချယ်လ်ဆီး)

play

 

ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ဒီရာသီမှာ ကော်စတာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ၇ ပွဲမှာ ခြောက်ဂိုးသွင်းထားပြီးပါပြီ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ