EPL: မန်ယူကို ဖလားရစေခဲ့သည့် ဗန်ပါစီ၏ မြေမကျကန်ချက်ကို အကောင်းဆုံး ဂိုးအဖြစ် ရွေးချယ်

၂၀၁၃ ခုနှစ်မှာ အက်စတွန်ဗီလာအသင်းကို သွင်းခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

play

 

မန်ယူကစားသမား ဘဝမှာ အက်စတွန်ဗီလာအသင်းကို သွင်းလိုက်တဲ့ဂိုးကြောင့် အာဆင်နယ်နဲ့ မန်ယူကစားသမားဟောင်း ဗန်ပါစီကို ဘောလုံးဂန္တဝင်ဆု ပေးအပ်လိုက်ကြောင်း သိရပါတယ်။ ၂၅ နှစ်တာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဒီဂိုးဟာ အကောင်းဆုံးဂိုးအဖြစ် မဲပေးခံခဲ့ရတာဖြစ်ပါတယ်။

play

 

လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲကို ပရီးမီးယားလိဂ် ဂန္တဝင်ဘောလုံးသမားတွေ အများအပြား တက်ရောက်ခဲ့ကြပြီး ဂန္တဝင်ကစားသမားတွေ အားလုံးဟာ တစ်ဦးကို ဂိုးတစ်ရာနဲ့အထက် သွင်းယူခဲ့သူတွေဖြစ်ခဲ့ပါတယ်။ ဗန်ပါစီဟာ ၂၀၁၃ ခုနှစ် မန်ယူကစားသမား ဘဝမှာ အက်စတွန်ဗီလာအသင်းနဲ့တွေ့ဆုံစဉ် ကွင်းတစ်ဖက်ခြမ်းက ဘီးကုပ်စက်ဝိုင်းနား ကန်တင်လိုက်တဲ့ဘောလုံးကို မြေမကျကန်ချက်နဲ့ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ပွဲကိုတက်ရောက်လာသူတွေထဲက ပရီးမီးယားလိဂ်ဂန္တဝင်ဘောလုံးသမားတွေအားလုံးဟာ အကောင်းဆုံးတွေချည်းပဲဖြစ်လို့ ဘယ်သူ့ကို အကောင်းဆုံးအဖြစ် ရွေးရမလဲဆိုတာ အတော်ခက်တဲ့အလုပ်ဖြစ်တယ်လို့ ဗန်ပါစီကပြောပါတယ်။ ပွဲကို အလန်ရှီးယား၊ ရိုင်ယန်ဂစ်၊ မိုက်ကယ်အိုဝင်၊ ဟက်စကီး၊ ဟက်ဆယ်ဘိန့်ခ် စတဲ့ ကစားသမားတွေ တက်ရောက်ခဲ့ကြတာပါ။

ဒီနှစ်ဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ၂၅ နှစ်ပြည့်မြောက်တဲ့ နှစ်လည်းဖြစ်ပါတယ်။ ရန်ပုံငွေရှာဖွေတဲ့ပွဲလည်းဖြစ်တဲ့ အဆိုပါပွဲမှာ ဗန်ပါစီလည်း ပေါင် နှစ်သောင်း ပြန်လည်လှူဒါန်းခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ