EPL: ဘယ်လာရင်နှင့် ဘိုနုချီအပါအဝင် ကစားသမား သုံးဦးခေါ်ရန် မန်စီးတီး ပေါင်သန်း ၁၅၀ သုံးမည်

မန်စီးတီးကအသင်းက လာမယ့်ဇန်နဝါရီမှာ ခံစစ်ကို အဓိကအင်အားဖြည့်တင်းဖို့ စီစဉ်ထားတာပါ။

 

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက ပေါင်သန်း ၁၅၀ လောက်သုံးစွဲဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

 

မန်စီးတီးအသင်းရဲ့ နည်းပြဂွါဒီယိုလာက ပေါင်သန်း ၁၅၀ အသုံးပြုပြီး ထိပ်သီးကစားသမား ၃ ဦးကို ခေါ်ယူဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်း တိုက်စစ်မှူး အော့ဘာမီယန်း၊ အာဆင်နယ် နောက်ခံကစားသမား ဘယ်လာရင်နဲ့ ဂျူဗင်တပ် နောက်ခံကစားသမား ဘိုနူချီတို့ကို ခေါ်ယူဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။  ဂျူဗင်တပ်ကစားသမား ဘိုနူချီကို မန်စီးတီးအသင်းအပြင် ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။

 

ဘိုနုချီရဲ့ အပြောင်းအရွှေ့ တစ်ခုတည်းအတွက်တင် မန်စီးတီးအသင်းအတွက် ပေါင်သန်း ၆၀ လောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

 

ဒီရာသီမှခံစစ်အားနည်းနေသေးတာကို ပြင်ဆင်ဖို့အတွက် ဂျူဗင်တပ်က ဘိုနုချီနဲ့ အာဆင်နယ်က ဘယ်လာရင်ကို ခေါ်ယူချင်နေတာပါ။ ဘယ်လာရင်အပြောင်းအရွှေ့ဟာ မန်စီးတီးအတွက်ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဘယ်လာရင်ကို အသင်းဟောင်း ဘာစီလိုနာကလည်း ပြန်လည် ခေါ်ယူချင်နေတာကြောင့် အာဆင်နယ်လည်း ထိန်းသိမ်းဖို့ ခက်ခဲနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ