EPL: အာစင်ဝင်းဂါးနှင့် အာဆင်နယ်လမ်းခွဲတော့မည့် အကြောင်း အသင်းအမှုဆောင်ချုပ် အရိပ်အမြွက်ပြော

အာဆင်နယ်အသင်းမှာ နည်းပြဝင်းဂါး နောက်ကတစ်ရာသီဆက်ရှိဖို့ မသေချာတော့ဘူးလို့ ဗြိတိန်မီဒီယာအချို့က ခန့်မှန်းရေးသားကြပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ နည်းပြအာစင်ဝင်းဂါး မကြာခင် လမ်းခွဲတော့မယ့် အရိပ်အမြွက် စကားတစ်ချို့ကို အသင်းအမှုဆောင်ချုပ် ဂါဇီဒစ်က ပြောကြားလိုက်ပါတယ်။

play

 

အာဆင်နယ်ဘောလုံးအသင်းဟာ အာစင်ဝင်းဂါးမဟုတ်တဲ့အပြင် လူပုဂ္ဂိုလ်နဲ့ ဘောလုံးအသင်းဟာ တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုလည်း ဂါဇီဒစ်က သတိပေးလိုက်ပါတယ်။ အာစင်ဝင်းဂါးရဲ့ အနာဂတ်အတွက် အသင်းဘက်ကလည်း အလျှင်စလို ဆုံးဖြတ်ခိုင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အာစင်ဝင်းဂါးနဲ့ အာဆင်နယ်အသင်းရဲ့ စာချုပ်ဟာ နောက်နှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာစင်ဝင်းဂါးကို အင်္ဂလန်လက်ရွေးစင် ဘောလုံးအဖွဲ့ချုပ်ကလည်း နည်းပြအဖြစ် ခန့်အပ်လိုနေတာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းမှာ နှစ်ပေါင် ၂၀ နည်းပြလုပ်ခဲ့ပြီးနောက် အာစင်ဝင်းဂါးဘက်ကလည်း ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချခဲ့သလို အာဆင်နယ်ဘက်ကလည်း  ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချခဲ့တယ်လို့ ဂါဇီဒစ်က ဆိုပါတယ်။

" ဘောလုံးစကားနဲ့ ပြောရင်တော့ ဒီအသင်းကို သူပြောင်းလဲခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်ဟာ အာစင်ဝင်းဂါး မဟုတ်ပါဘူး။ သူဘယ်လောက် ကြာကြာ ဆက်ရှိမလဲဆိုတာ ရင့်ကျက်တဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်မှု ဖြစ်လာပါလိမ့်မယ်" လို့ ဂါဇီဒစ်က ဆိုပါတယ်။ ဂါဇီဒစ်ရဲ့ ဒီစကားကြောင့် အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ မသေချာတော့ဘူးလို့ ဗြိတိန်မီဒီယာအချို့က ခန့်မှန်းရေးသားကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ