EPL: ဂျူဗင်တပ် နောက်ခံလူ ဘိုနုချီကို ခေါ်ယူရန် ချယ်လ်ဆီးက ဖာဘရီဂတ်စ် အလိုက်ပေးရမည်

ဘိုနုချီအတွက် ချယ်လ်ဆီးအသင်းက ပေါင်သန်း ၅၀ လောက် ပေးချေရဖွယ် ရှိနေပါတယ်။

play

 

ချယ်လ်ဆီးအသင်း အလိုရှိနေတဲ့ လီယိုနာဒိုဘိုနုချီကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်းက ဖာဘရီဂတ်စ်ကို ပြန်လည်ခေါ်ယူချင်နေကြောင်း သိရပါတယ်။

ဗြိတိန်သတင်းအချို့အဆိုအရ ချယ်လ်ဆီးအသင်းဟာ နောက်ခံလူ ဘိုနုချီအတွက် ပေါင်သန်း ၅၀ လောက်ကုန်ကျမယ့်အပြင် အသင်း ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကိုပါ အလိုက်ပေးကမ်းလှမ်းရမယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းက ပေါင်သန်း ၅၀ ပေးချေရမယ်ဆိုရင် ဘိုနုချီဟာ နောက်ခံကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ဖြစ်လာမှာပါ။

play

 

အသက် ၂၉ နှစ်ရှိနေပြီဖြစ်ပေမယ့် ဘိုနုချီဟာ နောက်ထပ် ၅ နှစ်လောက် ကောင်းကောင်းကစားနိုင်သေးတယ်လို့ ဂျူဗင်တပ် နည်းပြ အယ်လီဂရီက ပြောထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဗလန်စီယာအသင်း နောက်ခံလူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲလို့ ဒေးဗစ်လုဇ်ကို ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းကလည်း ပီယာလိုနောက်ပိုင်း အသင်းမှာ အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် မရှိတော့လို့ ဖာဘရီဂတ်စ်ကို ခေါ်ယူချင်နေတာပါ။

Source :  the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ