EPL: အပြေးအမြန်ဆုံး ပရီးမီးယားလိဂ် ကစားသမားစာရင်းထဲတွင် မန်ယူမှ တစ်ဦးပါဝင်ပြီး အာဆင်နယ်မှ နှစ်ဦးပါဝင်

အသစ်ထွက်ရှိလာတဲ့ စာရင်းပြုစုချက် အပြေးအမြန်ဆုံး ပရီးမီးယားလိဂ်ကစားသမား ၁၀ ဦးထဲမှာမန်ယူကစားသမား တစ်ဦး၊  အာဆင်နယ် ကစားသမားနှစ်ဦး ပါဝင်နေပါတယ်။

play

 

ပရီးမီးယားလိဂ်ဘောလုံးသမားတွေထဲမှာ ဘယ်ဘောလုံးသမားက အပြေးအမြန်ဆုံးလဲဆိုတာ အမြဲတမ်း အငြင်းပွားရလေ့ရှိပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ စာရင်းပြုစုချက် အပြေးအမြန်ဆုံး ပရီးမီးယားလိဂ်ကစားသမား ၁၀ ဦးထဲမှာ မန်ယူကစားသမား တစ်ဦး၊  အာဆင်နယ် ကစားသမားနှစ်ဦး ပါဝင်နေပါတယ်။

play
ရှိန်းလောင်းက ဒီရာသီမှာ အပြေးအမြန်ဆုံး ကစားသမားပါ။

 

နံပါတ်တစ် အပြေးအမြန်ဆုံး ကစားသမားက ဆောက်သမ်တန် ကစားသမား ရှိန်းလောင်းဖြစ်ပြီး တစ်နာရီကို ၃၅.၃၁ ကီလိုမီတာ နှုန်းနဲ့ ပြေးလွှားနိုင်သူပါ။ ဒုတိယအပြေးအမြန်ဆုံးကစားသမားကတော့ အံ့အားသင့်စရာဖြစ်ပြီး ဆန်းဒါးလန်းအသစ်ခေါ်ထားတဲ့ ကစားသမား လင်ဒန်ဂုခ်ျဖြစ်ပါတယ်။ သူက တစ်နာရီကို ၃၅.၁၉ ကီလိုမီတာနှုန်း ပြေးလွှားနိုင်သူပါ။

play

 

လက်ရှိချန်ပီယံ လက်စတာအသင်းတိုက်စစ်မှူး ဗာဒီက အပြေးအမြန်ဆုံးစာရင်းမှာ နံပါတ်လေးဖြစ်ပါတယ်။ မန်ယူကစားသမား အဲရစ်ဘေလီက နံပါတ် ၆ ဖြစ်ပြီး အာဆင်နယ်ကစားသမား ဝဲလ်ကော့က နံပါတ် ၈ ဖြစ်ပါတယ်။

play

 

အပြေးအမြန်ဆုံး ဘောလုံးသမား ၁၀ ဦး

(တစ်နာရီပြေးနှုန်းဖြင့်တွက်ချက်သည်)

၁။ ရှိန်းလောင်း (၃၅.၃၁ ကီလိုမီတာ)

၂။ လင်ဒန်ဂုခ်ျ (၃၅.၁၉ ကီလိုမီတာ)

၃။ ကိုင်လီဝေါ်လ်ကာ (၃၅.၁၈ ကီလိုမီတာ)

၎။ ဗာဒီ (၃၅.၁၀ ကီလိုမီတာ)

၅။ အန်ဒီဂရေး (၃၄.၈၇ ကီလိုမီတာ)

၆။ အဲရစ်ဘေလီ (၃၄.၈၄ ကီလိုမီတာ)

၇။ ဝဲလ်ဖရက်ဇာဟာ (၃၄.၇၉ ကီလိုမီတာ)

၈။ သီယိုဝဲလ်ကော့ (၃၄.၇၈ ကီလိုမီတာ)

၈။ ယိုရှီဒါ (၃၄.၇၈ ကီလိုမီတာ)

၁၀။ ဘယ်လာရင် (၃၄.၇၇ ကီလိုမီတာ)

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ