AD
AD
AD
play

 

ဘာစီလိုနာအသင်း ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေတဲ့ တောင်ပံကစားသမား ကော်တင်ဟိုကို လီဗာပူးအသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။

ဒီရာသီ လီဗာပူးအသင်းအတွက်ခြေစွမ်းပြနေတဲ့အပြင် ဘရာဇီးအသင်းမှာလည်း ပိုပြီးအရေးပါလာသူ ဖြစ်လာနေပါတယ်။ ဘရာဇီးအသင်းမှာ နေမာနဲ့ တွဲကစားဖူးတဲ့ အတွေ့အကြုံရှိနေတဲ့အတွက် ဘာစီလိုနာမှာ အဆင်ပြေမယ်လို့ အသင်းတာဝန်ရှိသူတွေက ယူဆရနေတာပါ။ လီဗာပူးအသင်းဘက်က ကော်တင်ဟိုကို မဆုံးရှုံးစေဖို့အတွက် စာချုပ်သစ်နဲ့ ကမ်းလှမ်းမှာဖြစ်ပြီး လော်ဗရန်နဲ့ လယ်လာနာတို့လည်း ပါဝင်နေပါတယ်။

play

 

စာချုပ်သက်တမ်း ဘယ်လောက်တိုးမြှင့်ချုပ်ဆိုမယ်ဆိုတာ မသိရသေးပေမဲ့ အဓိကအားဖြင့် လီဗာပူးအသင်းဘက်က ကော်တင်ဟိုကို လစာငွေအဓိက တိုးမြှင့်ချုပ်ဆိုဖွယ် ရှိနေတာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လီဗာပူးအသင်းကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာသူပါ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD