EPL: ဝိန်းရွန်နေး၏ သားဖြစ်သူ မန်ယူအသင်းတွင် ဘောလုံးစတင် ကစား

, updated

မန်ယူအသင်းရဲ့ လူငယ်ဘောလုံးဖွံ့ဖြိုး စီမံကိန်းမှာ ဘောလုံးစတင် ကစားနေပြီဖြစ်ပါတယ်။

play

 

မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးရဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူကို မန်ယူအသင်းက ခေါ်ယူ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

play

 

အသင်းခေါင်းဆောင် ရွန်နေးရဲ့ သားဖြစ်သူ ကိုင်ဟာ အသင်းရဲ့လူငယ်စီမံကိန်း ဖွံ့ဖြိုးရေးအသင်းမှာ ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့  အချိန်ကြာမြင့်စွာ ကစားဖို့မဟုတ်ဘဲ  ရက်သတ္တပတ်အနည်းငယ် ကစားပြီး လေ့ကျင့်သင်ကြားရမှာ ဖြစပါတယ်။ အသင်းရဲ့ လူငယ်စီမံကိန်းဘောလုံးအသင်းမှာ မိုက်ကယ်ကာရစ်ရဲ့ သားဖြစ်သူလည်း တက်ရောက်နေလျက်ရှိပါတယ်။

play

 

မန်ယူအသင်းမှာ ဘောလုံးကစားနေတဲ့ သားဖြစ်သူကို မိခင်ဖြစ်သူ ကောလင်းက လိုက်လံစောင့်ရှောက်ပေးလျက်ရှိပါတယ်။ " ကိုင် ကိုကြည့်ရတာ ဘောလုံးကစားရတာ ကြိုက်တဲ့ပုံပဲ။ ဒီကလေးနှစ်ယောက်လုံး(ရွန်နေးသားနှင့် ကာရစ်၏ သား) အသင်းရဲ့ အနာဂတ်မှာ ကြယ်ပွင့်တွေ ဖြစ်လာနိုင်ပါတယ်" လို့ အသင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ကိုင်ဟာ အရင်ကတည်းက ဖခင်ဖြစ်သူရဲ့ ဘောလုံးပွဲတွေကို စိတ်ဝင်တစား အားပေးခဲ့သူဖြစ်ပါတယ်။

Source :  Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ