EPL: လီဗာပူးနှင့် မန်ချက်စတာပွဲတွင် တာဝန်ယူမည့် ကွင်းလယ်ဒိုင်ကြောင့် လီဗာပူး ပရိသတ်များ စိတ်ပူ

ဒီပွဲကို တာဝန်ယူမယ့် ကွင်းလယ်ဒိုင်က မန်ချက်စတာမြို့ခံတစ်ဦး ဖြစ်နေပါတယ်။

play

 

လာမယ့် တစ်ပတ် ကစားကြမယ့် လီဗာပူးနဲ့ မန်ယူအသင်းပွဲစဉ်အတွက် ဒိုင်လူကြီး အန်သိုနီတေလာကို ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခိုင်းတာဟာ တရားမျှတမှု မရှိဘူးလို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း တစ်ဦးက ဝေဖန်ပြောကြားလိုက်ပါတယ်။

play

 

လူမှုကွန်ရက်တွစ်တာပေါ်မှာလည်း ကွင်းလယ်ဒိုင် အန်သိုနီကို ဒီပွဲတာဝန်ပေးခဲ့တဲ့အတွက် လီဗာပူးပရိသတ်အချို့က ဒေါသထွက် ပေါက်ကွဲနေကြတာ တွေ့ရပါတယ်။ အန်သိုနီဟာ မန်ချက်စတာမြို့သားတစ်ဦးဖြစ်နေတဲ့အပြင် မန်ယူအသင်း အိမ်ကွင်း အိုးထရက်ဖို့ဒ်နဲ့ ခြောက်မိုင်အကွာမှာ နေထိုင်သူ ဖြစ်နေပါတယ်။

မန်ချက်စတာသား ဖြစ်နေတဲ့အတွက် ဒီပွဲမှာ မန်ယူအသင်းကို အသာစီးရအောင် ဆောင်ရွက်မှာကို လီဗာပူးအသင်း ပရိသတ်အချို့က စိုးရိမ်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေအတွက် ဒိုင်လူကြီးတွေကို ရွေးချယ်ပေးရေးအဖွဲ့ ခေါင်းဆောင်လုပ်ခဲ့ဖူးသူ ကိတ်သ်ဟက်ကတ်ကလည်း ဒါဟာ အငြင်းပွားဖွယ် ဖြစ်နေတယ်လို့ဝေဖန်ထားပါတယ်။

play

 

ဒိုင်တွေကို ရွေးချယ်တဲ့အခါ မွေးရပ်မြေ၊ အားပေးတဲ့အသင်း စတဲ့ အချက်အလက်တွေကို ရွေးချယ်ဂရုစိုက်ရတယ်လို့ ကိတ်သ်က ပြောပါတယ်။

Source : Daily Mail/ Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ