EPL: ရက်ရှ်ဖို့ဒ်လည်ပင်း လက်သီးနှင့် အချိန်ခံရသည့်အတွက် ဒေါသအကြီးအကျယ် ပေါက်ကွဲခဲ့သည့် လင်ဂတ်

အင်္ဂလက်ရွေးစင်အချင်းချင်းဖြစ်ရုံသာမက မန်ယူကစားဖော်တွေလည်း ဖြစ်တဲ့သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။

play

 

ဆလိုဗက်ကီးယားနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်း ကစားသမား လင်ဂတ်ဟာ အသင်းဖော်ရှက်ဖို့ဒ်ကို ပြိုင်ဘက်ကစားသမားတွေ ရန်လုပ်ခဲ့တာကြောင့် ဒေါသထွက်ပေါက်ကွဲခဲ့ပြီး ရန်ပြန်လုပ်ခဲ့ကြောင်း သိရပါတယ်။

play

 

ဆလိုဗက်ကီးယားနဲ့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး ပွဲပြီးဖို့ မိနစ်အနည်းငယ်အလိုမှာ နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ ဆလိုဗက်ကီးယားကစားသမား စထရော်လာတို့ အချင်းများခဲ့ကြချိန်မှာ စထရော်လာက ရက်ရှ်ဖို့ဒ်ရဲ့ လည်ပင်းကို လက်သီးနဲ့ ထောက်ခဲ့တာကြောင့် အသင်းဖော် လင်ဂတ်ဟာ ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

play

 

လင်ဂတ်နဲ့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့အပြင် မန်ယူအသင်းဖော်တွေလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်လုနီးနီး ဖြစ်ခဲ့တဲ့ ပြိုင်ဘက်ကစားသမား စထရော်လာကို ပြန်လည်တုန့်ပြန်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ လင်ဂတ်ကို ကွင်းလယ်ဒိုင်နဲ့ အသင်းဖော်ဂိုးသမား ဂျိုးဟတ်က ဝင်ရောက် ထိန်းသိမ်းဖျောင်းဖြခဲ့ရပါတယ်။

play

 

အဲဒီနောက် ကွင်းလယ်ဒိုင်က လင်ဂတ်၊ ကာဟေးလ်နဲ့ စထရော်လာတို့ကို အဝါကတ်ပြလိုက်တာတွေ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ