EPL: ကစားကွက်ပြောင်းလဲပေးဖို့ နည်းပြမော်ရင်ဟိုကို ပေါ့ဂ်ဘာ တောင်းဆို

ပေါ့ဂ်ဘာ မန်ယူအသင်းရဲ့ ကွင်းလယ်မှာ ခံစစ်ကိုလည်း ပူးတွဲတာဝန်ယူထားပေးရပါတယ်။

play

 

မန်ယူအသင်းမှာ လက်ရှိကစားနေတဲ့ ကစားပုံကို အနည်းငယ်ပြောင်းလဲပြီး ကစားလိုကြောင်း အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ပေါ့ဂ်ဘာက နည်းပြမော်ရင်ဟိုကို တောင်းဆိုလိုက်ပါတယ်။

play

 

ပေါ့ဂ်ဘာကို မန်ယူအသင်းမှာ နည်းပြမော်ရင်ဟိုက တိုက်စစ်ကို အလွန်အကျွံလိုက်ပါမကစားခိုင်းဘဲ ကွင်းလယ်ဖန်တီးပေးပို့မှုကို ပိုပြီး အာရုံစိုက်ခိုင်းထားတာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ ပွဲထွက်ခဲ့သမျှ ပွဲစဉ်တွေမှာ ပေါ့ဂ်ဘာဟာ တစ်ဂိုးပဲ သွင်းထားနိုင်သေးပြီး ကွင်းလယ်ခံစစ်ပိုင်းကိုလည်း ပူးတွဲတာဝန်ယူထားရပါတယ်။

play

 

ဒါပေမဲ့ မိမိက တိုက်စစ်အားသန်တဲ့ ကစားသမားဖြစ်တာကြောင့် တိုက်စစ်ကို ပိုမိုကစားလိုကြောင်း ပေါ့ဂ်ဘာက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြင်သစ်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ပေါ့ဂ်ဘာက အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်က တိုက်စစ်အားသန်တဲ့ ကစားသမားပါ။ ဒါပေမဲ့ နည်းပြညွှန်ကြားတာကို ကစားနိုင်ဖို့ ကြိုးစားရပါတယ်" လို့ ပေါ့ဂ်ဘာက ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ