play

 

လက်ရှိဘောလုံးရာသီကုန်ဆုံးတဲ့အခါ မန်ယူအသင်းက အသင်းကစားသမား ဝိန်းရွန်နေးအတွက် ကမ်းလှမ်းချက်တွေကို လက်ခံပြီး ထုတ်ရောင်းတော့မယ်လို့ ဗြိတိန်မီဒီယာအချို့က ယနေ့ ဖော်ပြလိုက်ပါတယ်။

play

 

အသင်းခေါင်းဆောင် ရွန်နေးရဲ့ လက်ရှိစာချုပ်သက်တမ်းအရ ယခုအချိန်က စတင်ရေတွက်မယ်ဆိုရင် လပေါင်း ၂၀ ကျန်သေးတာကြောင့် စုစုပေါင်း ပေါင် ၂၆ သန်းလောက် မန်ယူအသင်းက ပေးရဦးမှာဖြစ်ပါတယ်။ လက်ရှိ မော်ရင်ဟိုရဲ့ နည်းစနစ်ထဲမှာ ရွန်နေးကို ပွဲထွက်ခွင့် ဆက်မပေးတော့ဖို့ သေချာသလောက်ဖြစ်နေပြီ ဖြစ်တာကြောင့် အသင်းကလည်း ရွန်နေးကို ရောင်းထုတ်ဖို့ စဉ်းစားလာတာဖြစ်ကြောင်း မီဒီယာတွေက ရေးသားထားပါတယ်။

play

 

ဝိန်းရွန်နေးရဲ့ လစာက တစ်ပတ် ပေါင်သုံးသိန်းရှိတာကြောင့် များပြားတဲ့ ငွေပမာဏကို ပေးနိုင်တဲ့အသင်းတွေဟာ ဥရောပအပြင်ဘက်မှာဆိုရင် တရုတ်စူပါလိဂ်နဲ့ အမေရိကန်မေဂျာလိဂ်တို့သာရှိပါတယ်။ ဒါပေမယ့် အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ရွန်နေးကို မေဂျာလိဂ်ကလပ်အသင်းတွေက ခေါ်ယူချင်ပေမယ့် လစာဒီလောက်များများစားစား ပေးနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြပါတယ်။

play

 

အင်္ဂလန်အသင်း နည်းပြဟောင်း အဲရစ်ဆင်ကိုင်တွယ်နေတဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းအသင်းကတော့ ရွန်နေးကို ဒီလိုလစာမျိုး ပေးချေနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မိသားစုအရေး ဦးစားပေးရင်တော့ ဝိန်းရွန်နေးဟာ အမေရိကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်မှာ ဖြစ်ကြောင်း သိရပါတယ်။  မန်ယူအတွက် အခက်အခဲ ဖြစ်နေတာက ရွန်နေးကို ရောင်းခလိုက်သည့်တိုင်အောင် လပေါင်း ၂၀ ကာလအတွင်း အရင်လစာနှုန်းထားအတိုင်း ဖြစ်အောင် အသင်းသစ်နဲ့ ပူးပေါင်းကာ ရွန်နေးကို လစာပေးရမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video