EPL: အချစ်ဆုံး သူငယ်ချင်းနှစ်ဦးအဖြစ် အသိအမှတ်ပြုခံရသည့် မန်ယူအသင်းဖော် လင်ဂတ်နှင့် ရက်ရှ်ဖို့ဒ်

ဆလိုဗက်ကီးယားနဲ့ ပွဲစဉ်က သူတို့နှစ်ဦးရဲ့ စည်းလုံးမှုကြောင့် ဒီကစားသမားနှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်ဆိုတာ ပရိသတ်က ပိုသတိထားမိသွားတာပါ။

play

 

အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကစားသမားအချင်းချင်း ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် လင်ဂတ်နဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးလောကရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတယ်လို့ လူမှုကွန်ယက်မှာ မှတ်ချက်ပေးခံနေရပါတယ်။

play

 

ပြိုင်ဘက် ဆလိုဗက်ကီးယား ကစားသမားတစ်ဦးက ရက်ရှ်ဖို့်ကို လက်သီးနဲ့ လည်ပင်းထောက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြိုးစားခဲ့ရာမှာ လင်ဂတ်က ပြန်လည်ရန်ပြုခဲ့တာဖြစ်ပါတယ်။

 

ပွဲပြီးတဲ့နောက်မှာ အဒီအချင်းများခဲ့တဲ့ ဓာတ်ပုံတွေကို လင်ဂတ်က လူမှုကွန်ယက်မှာ တင်ခဲ့ပြီးတဲ့နောက် ဗြိတိန်မီဒီယာအချို့ကလည်း သူတို့အသင်းဖော်နှစ်ဦးကို အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ရေးသားဖော်ပြကြပါတယ်။

 

မန်ယူအသင်း ကစားဖော်လည်းဖြစ်တဲ့ သူတို့နှစ်ဦးဟာ မကြာခဏ အတူတူတွေ့ရလေ့ရှိပါတယ်။ လင်ဂတ်ကလည်းသူ့ရဲ့ တွစ်တာအကောင့်မှာ ရက်ရှ်ဖို့ဒ်နဲ့ နှစ်ယောက်တွဲ ဓာတ်ပုံတွေ တင်လေ့ရှိသလို ရက်ရှ်ဖို့ဒ်ကလည်း ဒီလိုဓာတ်ပုံတွေ တင်လေ့ရှိပါတယ်။

ှSource : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ