EPL: ဂျာဂန်ကလော့နှင့် တွေ့တိုင်း ရလဒ်ကောင်းရန် ရုန်းကန်ရလေ့ရှိသည့် မော်ရင်ဟို

ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် - ၈ မှာ လီဗာပူးနဲ့ မန်ယူတွေ့ဆုံရမှာ ဖြစ်ပါတယ်။

play

 

ယခုတစ်ပတ်ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်မှာ မန်ယူနဲ့ လီဗာပူးအသင်း တွေ့ကြရမှာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးလောကမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး၊ ဖလားလုဘက်ဆိုတာထက် ပိုပြီးပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ဒီပွဲမှာ မြင်တွေ့ရလေ့ရှိ ပါတယ်။

ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမန်ယူနည်းပြ ဖြစ်လာပြီးနောက် လီဗာပူးနဲ့ မန်ယူ ပထမဆုံး ရင်ဆိုင်ရမယ့် ပွဲလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် လီဗာပူးကို ဒီရာသီမှာ ထင်ထားတာထက်ပိုပြီး ရလဒ်ကောင်းအောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြဂျာဂန်ကလော့နဲ့ မော်ရင်ဟိုရဲ့ အားပြိုင်ပွဲ ဖြစ်ပါတယ်။

ဒီနည်းပြနှစ်ဦး အရင်က ထိပ်တိုက်တွေ့ဆုံမှု ရလဒ်အရ မော်ရင်ဟိုဟာ ဂျာဂန်ကလော့နဲ့ ရင်ဆိုင်တဲ့အခါ အသာစီးရရှိမှု နည်းပါးလေ့ ရှိကြောင်း သိရပါတယ်။ မော်ရင်ဟိုနဲ့ နည်းပြဂျာဂန်ကလော့ စုစုပေါင်း ငါးကြိမ်တွေ့ဆုံရာမှာ မော်ရင်ဟိုက တစ်ကြိမ်ပဲ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

play

 

၁။ ၂၀၁၂ ခုနှစ်မှာ ဂျာဂန်ကလော့က ဒေါ့မွန်နည်းပြဖြစ်နေချိန်၊ မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်နေချိန် ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့ကြပြီး ဒေါ့မွန်က ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

၂။ ဒုတိယအကျော့ ပြန်တွေ့တဲ့အချိန်မှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

play

 

၃။ ၂၀၁၃ မှာ သူတို့နှစ်ဦး ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြတွေအဖြစ်နဲ့ ထပ်တွေ့ပြန်ပါတယ်။ ပထမအကျော့မှာ ဒေါ့မွန်က ၄-၁ ဂိုးနဲ့ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့ပါတယ်။

play

 

၎။ ဒုတိယအကျော့ ပြန်ကစားရာမှာတော့ ရီးရဲလ်မက်ဒရစ်က ဒေါ့မွန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဂျာဂန်ကလော့နဲ့တွေ့တဲ့တစ်လျှောက်မှာ မော်ရင်ဟိုဟာ ဒီတစ်ပွဲသာ အနိုင်ရခဲ့တာပါ။

play

 

၅။ ၂၀၁၅ မှာ ချယ်လ်ဆီးကို မော်ရင်ဟို ပြန်ရောက်လာခဲ့စဉ် ဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းနဲ့ တွေ့ဆုံခဲ့ပြီး လီဗာပူးက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြန်ပါတယ်။ အဲဒီရာသီ နောက်တစ်ခါ ပြန်မတွေ့ခင်မှာ မော်ရင်ဟို အသင်းက အထုတ်ခံခဲ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ