EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်သင့်တဲ့ အချက် (၄) ချက်

လီဗာပူးနဲ့ မန်ယူပွဲစဉ်ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ပါ။

play

 

နိုင်ငံတကာ ပွဲတွေကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ဒီတစ်ပတ် ပြန်စပြီဖြစ်ပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ သက်သေပြရမယ့်လီဗာပူး

play

 

လီဗာပူးက ဒီတစ်ပတ်မှာ မန်ယူနဲ့ တွေ့ဆုံရမှာပါ။ လီဗာပူးအသင်းရ ရာသီအစမှာ ရလဒ်တွေကောင်းနေပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ နှစ်မှတ်သာ ကွာသလို သွင်းဂိုးလည်း များပါတယ်။ မန်ယူနဲ့တွေ့တဲ့ပွဲမှာ လီဗာပူးက ချန်ပီယံဆုကို ဒီရာသီ စိန်ခေါ်နိုင်စွမ်းရှိကြောင်း ဒီပွဲမှာ သက်သေပြရမှာပါ။

၂။ စောင့်ကြည့်ရမယ့် မန်စီးတီး

play

 

ရာသီအစ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပေမယ့် စပါးကို မန်စီးတီး ရှုံးပွဲတွေ့သွားခဲ့ပါတယ်။ မန်စီးတီးဟာ ကစားရခက်တဲ့ အသင်းတွေနဲ့ မကစားရသေးလို့ နိုင်ပွဲတွေ ဆက်နေတာလို့ ဆိုကြပါတယ်။ အခု အဲဗာတန်နဲ့ ထပ်တွေ့ရမှာဖြစ်လို့ မန်စီးတီး နိုင်ပွဲရပါ့မလား စောင့်ကြည့်ရမှာပါ။

၃။ တန်းဆင်းဇုန်တိုက်ပွဲ

play

 

တန်းဆင်းဇုန်ထဲက အသင်းနှစ်သင်း ဒီတစ်ပတ်တွေ့ကြမှာပါ။ စတုတ်စီးတီးနဲ့ ဆန်းဒါးလန်းရဲ့ ပွဲစဉ်ဖြစ်ပြီး နည်းပြတွေလည်း ဖိအားများနေတဲ့ အချိန်ဖြစ်ပါတယ်။

၎။ အမေရိကန် အိပ်မက်

play

 

ဆွမ်ဆီးအသင်းက နည်းပြအပြောင်းလဲပြုလုပ်ရာမှာ အမေရိကနည်းပြဖြစ်တဲ့ ဘရက်ဒလေကို ခန့်အပ်လိုက်တာ ထူးဆန်းပါတယ်။ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို အမေရိကန်နည်းပြတစ်ဦး ပထမဆုံးကိုင်တွင်ခွင့်ရတာပါ။ အခုတော့ ဘရက်ဒလေရဲ့ ပွဲဦးထွက်ကို ရှုစားကြရပါတော့မယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ