EPL: တစ်လတာ အကောင်းဆုံး ကစားသမားဆုကို စပါးအသင်း ကစားသမား ရရှိ

မန်စီးတီးကစားသမား ဒီဘရိုင်းနဲ့ အာဆင်နယ် ကစားသမား ဝဲလ်ကော့တို့ လွဲချော်ခဲ့ပါတယ်။

play

 

စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ် ဘောလုံးသမားဆုကို မန်စီးတီးကြယ်ပွင့်ဒီဘရိုင်းနဲ့ အာဆင်နယ်က သီယိုဝဲလ်ကော့တို့ လွဲချော်သွားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲမှာ လေးဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်တဲ့ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်က ရရှိသွားတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ပထမဆုံးအကြိမ်ဒီဆုကို ရရှိခဲ့တာဖြစ်ပြီး စပါးအသင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရနေတဲ့ ကာလအတွင်း ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ဒီဆုကိုရဖို့ဟာ သူ့အတွက်တော့ အိပ်မက်ဖြစ်ခဲ့ပြီး အခုတော့ လက်တွေ့ဖြစ်လာခဲ့ပြီးလို့ ဆွန်က ပြောပါတယ်။ လီဗာပူးမန်နေဂျာ ဂျာဂန်ကလော့ကတော့ တစ်လတာ အကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ