EPL: မန်စီးတီးနဲ့ စပါး နိုင်ပွဲပျောက်ပြီး အာဆင်နယ် နိုင်ပွဲရ

အမှတ်ပေးဇယားထိပ်ပိုင်းက မန်စီးတီး နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတာပါ။

 

မန်စီးတီးအသင်းက တိုက်စစ်မှူးအဂူရိုကိုပွဲထွက်စာရင်းထဲမှာ ထည့်သွင်းခြင်းမရှိခဲ့ပဲ အရန်ခုံပို့ခဲ့ပါတယ်။ စတာလင်၊ အီဟွာနချိုတို့ ဦးဆောင်တဲ့ တိုက်စစ်ဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အဲဗာတန်ကို ဂိုးရဖို့ ခက်ခဲ့ရပါတယ်။

 

ပထမပိုင်းမှာ စတာလင်နဲ့ ဒီဘရိုင်းတို့ တိုက်စစ်ဟာ ချိတ်ဆက်မှု လိုအပ်ချက်တွေရှိခဲ့တာကြောင့် ဂိုးမရခဲ့တာဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူးတွေ အဆုံးသတ်လိုအပ်ချက်နဲ့အတူ အဲဗာတန်ကလည်း အမှားကင်းခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။

 

၄၂ မိနစ်မှာ မန်စီးတီးအသင်း ကစားသမား ဆေးလ်ဗားကို ဥပဒေပ ကစားခဲ့လို့ အဲဗာတန် ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီကို ဒီဘရိုင်းကန်ရာမှာ ပင်နယ်တီ လွဲသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီးနောက် အီဟာနာချိုအစား အဂူရို ဝင်လာပါတယ်။ တိုက်စစ်မြှင့်လိုက်တာ မန်စီးတီးဖြစ်ပေမယ့် ဂိုးရခဲ့တာ အဲဗာတန်ဖြစ်ပြီး ပင်နယ်တီဧရိယာထဲကတဆင့် လူကာကူက အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

၇၂ မိနစ် မှာ နိုလီတို ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ မန်စီးတီး အသက်ရှုချောင်ခဲ့ရတာာပါ။ အဲဒီနောက်ပိုင်း မန်စီးတီးက အဲဗာတန်ကို ဆက်တိုက်ဖိအားပေးနိုင်ခဲ့တာပါ။

 

ဆွမ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ်အသင်းကတော့ ဝဲလ်ကော့ခြေစွမ်းပြမှုနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ဝဲလ်ကော့က နှစ်ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းမှာ အိုဇေးက တစ်ဂိုးသွင်းခဲ့ပါတယ်။ ၃-၁ နဲ့ဦးဆောင်ပြီးမှ အာဆင်နယ် တစ်ဂိုး ပြန်ပေးလိုက်ရလို့ အာဆင်နယ် ဖိအားများခဲ့ရပါသေးတယ်။

 

မိနစ် ၇၀ မှာ အာဆင်နယ်ကစားသမား ရှာခါ အနီကတ်နဲ့ ထုတ်ခံလိုက်ရလို့ အာဆင်နယ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါသေးတယ်။ တစ်ဖက်မှာ စပါးကလည်း သရကျေခဲ့တဲ့အတွက် အသင်းကြီးတွေထဲမှာ အာဆင်နယ်သာ မျက်နှာပန်းလှခဲ့ပါတယ်။

ှSourcef : flashscore/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ