EPL: အနိုင်ဂိုးများက မိခင်ဆုံးရှုံးထားရသည့် ဝီလျံအတွက် ရည်ရွယ်ဟု ဟာဇက်ပြော

ဝီလျံက မိခင်ဖြစ်သူရဲ့ ဈာပနကို ရောက်နေခဲ့တာပါ။

play

 

ချယ်လ်ဆီးအသင်းက လက်စတာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ကော်စတာနဲ့ ဟာဇက်တို့က ဂိုးသွင်းပြီးနောက် အသင်းကစားသမား ဝီလျံကို အားပေးဂုဏ်ပြုတဲ့ သင်္ကေတတွေ ပြသခဲ့ကြောင်း သိရပါတယ်။

play

 

ဝီလျံရဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ တစ်ပတ်အစောပိုင်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မိခင်နာရေးအတွက် ဘရာဇီးကို ပြန်ရောက်နေတဲ့ ဝီလျံဟာ ယခုတစ်ပတ် လက်စတာနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် မပါနိုင်ခဲ့ပါဘူး။ လက်စတာနဲ့ ပွဲစဉ်မှာ ချယ်ဆီးအတွက် အဖွင့်ဂိုး သွင်းပေးပြီးတဲ့နောက် တိုက်စစ်မှူး ကော်စတာက လက်နှစ်ဖက်နဲ့ W ပုံစံ သင်္ကေတ လုပ်ပြပြီး ကောင်းကင်ကို လက်ညှိုးထိုးပြခဲ့ပါတယ်။

play

 

အဲဒီနောက် ချယ်လ်ဆီးအတွက် ဒုတိယဂိုးသွင်းနိုင်ခဲ့တဲ့ ဟာဇက်ကလည်း ဝီလျံအတွက် ကော်စတာလိုပဲ W သင်္ကေတ လုပ်ပြပြီး ကောင်းကင်ကို လက်ညှိုးညွှန်ပြခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ဝီလျံအတွက် အားပေးစကား ဟာဇက်က ပြောခဲ့ပါတယ်။

play

 

အဓိပ္ပာယ်ကတော့ သူငယ်ချင်းဖြစ်သူ ဝီလျံရဲ့ အမေ ကောင်းကင်ဘုံမှာ ကောင်းစွာ အနားယူနိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် တယ်ရီကလည်း ဝီလျံရဲ့မိခင်နာရေးအတွက် ဝမ်းနည်းအားပေးတဲ့ အကြောင်းအရာကို ရေးသားပေးပို့ခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ