EPL: မန်ယူကို အနိုင်ကစားမည်ဟု ပြောလိုက်သည့် လီဗာပူး ကစားသမား

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လီဗာပူးနဲ့မန်ယူ ထိပ်တိုက်တွေ့ဆုံရာမှာတော့ မန်ယူက အသာစီး ရထားပါတယ်။

play

 

ဒီတစ်ပတ်မန်ယူအသင်းနဲ့ တွေ့ရမယ့် ပွဲစဉ်မှာ အနိုင်ရအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း လီဗာပူးအသင်း ကစားသမား မာနေးက ပြောကြားလိုက်ပါတယ်။ မန်ယူနဲ့ပွဲမှာ အနိုင်ရလဒ်ကိုသာ မျှော်လင့်တယ်လို့ မာနေးက ဆိုပါတယ်။

ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက်မှာ လီဗာပူးက မန်ယူနဲ့တွေ့ဆုံတဲ့အခါ ရလဒ်ပိုင်းအရ သိပ်ကောင်းမွန်လေ့ မရှိပါဘူး။ ပရီးမီးယားလိဂ်လို့ ပြိုင်ပွဲပြောင်းလဲပြီးနောက်ပိုင်း မန်ယူနဲ့ လီဗာပူး ၄၈ ကြိမ်တွေ့ထားရာမှာ လီဗာပူးက ၁၃ ကြိမ်သာ အနိုင်ရပြီး မန်ယူက ၂၇ ပွဲအထိအနိုင်ရထားပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်တော့ မန်ယူဆီက သုံးမှတ်ယူဖို့ ကွင်းထဲအရောက်လာမှာ ဖြစ်တယ်လို့ တိုက်စစ်မှူး မာနေးက ပြောပါတယ်။

play

 

" မန်ယူကို ကျွန်တော်တို့အနိုင်ယူဖို့ ကွင်းထဲအရောက်လာမှာပါ။ နိုင်ပွဲရမယ်လို့ တစ်သင်းလုံး ယုံကြည်ပါတယ်" လို့ မာနေးက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက မာနေးဟာ ဆောက်သမ်တန်အသင်းမှာ ကစားခဲ့ပြီးမန်ယူနဲ့ တွေ့ဆုံရာမှာ အနိုင်ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။

Source : caughtoffside

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ