EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်များအပြီး လေ့လာစရာ အချက် (၅) ချက်

မန်စီးတီး၊ စပါး စတဲ့အသင်းတွေ နိုင်ပွဲပျောက်ခဲ့တဲ့ ရက်သတ္တပတ်ပါ။

play

 

လီဗာပူး - မန်ယူ ပွဲစဉ်ကလွဲလို့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ ပွဲစဉ်တွေအားလုံး ယှဉ်ပြိုင်လို့ ပြီးခဲ့ပါပြီ။ ပရီးမီးယားလိဂ်မှာ ဘယ်ပြိုင်ဘက်ကိုမှ လျှော့တွက်လို့မရဘူးဆိုတဲ့ သင်ခန်းစာကိုလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ လက်တွေ့သိရှိခံစားနေရပါပြီ။

ဒီတစ်ပတ်ပရီးမီးယားလိဂ်အပြီး စိတ်ဝင်စားစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ပြောင်းလဲသွားတဲ့ ဝဲလ်ကော့

play

 

အာဆင်နယ်မှာ နှစ်ကာလကြာရှည် ရှိခဲ့တဲ့ ဝဲလ်ကော့ရဲ့ ခြေစွမ်းဟာ ဒီနှစ်မှာ အားတက်စရာဖြစ်ပါတယ်။ အရင်ကတော့ ဒဏ်ရာရလိုက်၊ ခြေစွမ်းမပြနိုင်ဖြစ်လိုက်နဲ့ ဝဲလ်ကော့ဟာ အခုတော့ အာဆင်နယ်တိုက်စစ်မှာ ဂိုးသွင်းရှင်တစ်ဦး ဖြစ်နေပါပြီ။ ဆွမ်ဆီးနဲ့ပွဲမှာဝဲလ်ကော့ရဲ့ ဂိုးတွေက အာဆင်နယ်ကို သုံးမှတ်ရစေခဲ့တာဖြစ်ပါတယ်။

၂။ သူရဲကောင်း ပြန်လာဖို့ စောင်နေ့တဲ့ စပါး

play

 

စပါးအသင်းရဲ့ ဒီရာသီအစ အဓိက ထိုးနှက်ချက်က တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရနေတာပါ။ တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင်က ဟယ်ရီကိန်းနေရာ ဖြည့်တင်းပေးပြီး နှစ်ပွဲ၊ သုံးပွဲလောက် အရေးပါတဲ့ ဂိုးတွေသွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ စပါးဟာ ဟယ်ရီကိန်းရှိမှ ဖြစ်မယ်ဆိုတာ ဝက်စ်ဘရွန်းကို သရေကျတဲ့ ပွဲက အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။

၃။ အလုပ်ဖြစ်နေတဲ့ ကွန်တီ

play

 

အီတလီနည်းပြ ကွန်တီဟာ ချယ်လ်ဆီးမှာ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲ အသုံးပြုနေတာ အခုတော့ အံဝင်နေပြီဆိုနိုင်ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ကစားကွက်ကို အခြေခံထားတဲ့ ပုံစံဖြစ်ပါတယ်။

၎။ ကံမျက်နှာသာ ပေးတာ မခံရတဲ့ မန်စီးတီး

play

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ်ရဲ့ ခက်ခဲမှုအရသာကို စတင်တွေ့ရှိနေပြီဖြစ်ပါတယ်။ အဲဗာတန်ကို သရေကျပြီးနောက် ပရီးမီးယားလိဂ်မှာ နောက်ဆုံးနှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို ခံစားလိုက်ရပြီဖြစ်ပါတယ်။

၅။ စောင့်ကြည့်ရမယ့် ဘရက်ဒလေ

play

 

ဆွမ်ဆီးနဲ့ ပွဲဦးထွက်လာတဲ့ အမေရိကန်နည်းပြသစ် ဘရက်ဒလေဟာ အာဆင်နယ်ကို အခက်တွေ့စေခဲ့ပါတယ်။ ပွဲဦးထွက် ရလဒ်မကောင်းခဲ့ပေမဲ့ ဘရက်ဒလေကို ဆက်လက်စောင့်ကြည့်ရမှာပါ။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ