EPL: အာဆင်နယ် ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေရှိကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်

အာဆင်နယ်က ၈ ပွဲကစားပြီးချိန်မှာ မန်စီးတီးနဲ့ ရမှတ်တူ ဖြစ်နေပါတယ်။

play

 

ပြီးခဲ့တဲ့ တစ်ပတ်မှာ အာဆင်နယ်က နိုင်ပွဲရပြီးနောက် ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ရမှတ်တူ အခြေအနေကို ရောက်လာခဲ့ပါပြီ။ ဒီနှစ် အာဆင်နယ်အသင်းရဲ့ တောင့်တင်းမှုနဲ့ ခြေစွမ်းတည်ငြိမ်မှုဟာ အသင်းတိုင်း သတိထားနေတာ ဖြစ်ပါတယ်။

ဒီနှစ်ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ခံစစ် ကောင်းမွန်လာခြင်း

play

 

နှစ်စဉ်နှစ်တိုင်း အာဆင်နယ် ကြုံတွေ့ရတဲ့ ပြဿနာက ခံစစ်ပိုင်းဖြစ်ပါတယ်။ အခုတော့ ဒီပြဿနာ ပြေလည်ပြီလို့ ဆိုနိုင်ပါတယ်။ ကိုစီရယ်နီဟာ နောက်ဆုံးမှာတော့ သူနဲ့ဗဟိုခံစစ်မှာ တွဲလို့ရမယ့် ကစားသမားကောင်း မူစတာဖီကို တွေ့သွားခဲ့ပါပြီ။

၂။ သီယိုဝဲလ်ကော့ခြေစွမ်း

play

 

ဝဲလ်ကော့ရဲ့ခြေစွမ်းဟာ ဒီရာသီမှာ အကောင်းဆုံးအခြေနေကို ရောက်လာခဲ့ပါတယ်။ လျှို့ဝှက်ချက် ဘာလဲလို့ အာစင်ဝင်းဂါးကို သတင်းထောက်တွေက မေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဂီရော့ဒ်မရှိတဲ့အချိန် တိုက်စစ်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။

၃။ ဖိအားမရှိခြင်း

play

 

ဒီနှစ် အာဆင်နယ်အသင်းကစားသမားတွေနဲ့ နည်းပြအာစင်ဝင်းဂါးတို့ပုံစံဟာ ဖိအားကင်းနေတာတွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲတွေ၊ အင်တာဗျူးတွေမှာ ဟာသတွေနှောပြီးလည်း မကြာခဏ ပြောလာကြပါတယ်။ အရင်နှစ်တွေကလို နည်းပြအာစင်ဝင်းဂါး အမြဲညည်းညူနေသံ မကြားရတော့ပါဘူး။

၎။ ဟန်ချက်ညီခြင်း

play

 

ဒီနှစ်အာဆင်နယ်အသင်းဟာ အတော်လေးဟန်ချက်ညီပါတယ်။ ကွင်းလယ်မှာလည်း ကာဇိုလာ ခြေစွမ်းငြိမ်သလို အိုဇေး၊ အီဝိုဘီတို့ကလည်း ပြောစရာမလိုအောင် ကောင်းမွန်နေပါတယ်။ ခံစစ်နဲ့ တိုက်စစ်ကလည်း အမှားအယွင်း သိပ်မရှိလှပါဘူး။

၅။ ခြေစွမ်းအကုန်မဟုတ်သေး

play

 

ဒါဟာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည် အပြည့်အဝ မဟုတ်သေးပါဘူး။ ဘာကြောင့်လည်း ဆိုတာတော့ ကွင်းလယ်ဗိုလ်ချုပ် ရမ်ဆေးနဲ့ တိုက်စစ်မှူး ဂီရော့ဒ်တို့ ဒဏ်ရာက ပြန်သက်သာလာရင် ဒီထက်ပိုကောင်းတဲ့ အာဆင်နယ်ကို မျှော်လင့်နိုင်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ