EPL: ဂိုးမရှိ သရေရလဒ်သာ ထွက်ခဲ့တဲ့ မန်ယူ - လီဗာပူးပွဲစဉ်

ဒီနှစ်ဘောလုံးရာသီ ပထမဆုံး တွေ့ဆုံမှုမှာ သရေရလဒ်သာ ထွက်ခဲ့ပါတယ်။

play

 

လီဗာပူးနဲ့ မန်ယူအသင်းရဲ့ ပွဲစဉ်ဟာ ဂိုးမရှိ သရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ်။

အိမ်ရှင်လီဗာပူးအသင်းက တိုက်စစ်မှာ စတာရစ်ခ်ျ၊ ကော်တင်ဟိုတို့ကိုပွဲထုတ်ခဲ့ပြီး ဖာမီနို၊ မာနေးတို့နဲ့ အားဖြည့်ခဲ့ပါတယ်။ မန်ယူကအသင်းကတော့ ရွန်နေးကို အရန်ခုံ ဆက်ပို့ထားခဲ့ပြီး တိုက်စစ်မှာ အီဗရာဟီမိုဗစ်ခ်ျ၊ ရက်ရှ်ဖို့ဒ်၊ ဟာရဲယားတို့ကိုထားကာ ၄-၂-၃-၁ ပုံစံ ပွဲထွက်ခဲ့တာပါ။

play

 

စပေးဘောလုံး ပေးပြီးကတည်းက လီဗာပူးအသင်းဟာ မန်ယူအသင်းကို တရစပ် တိုက်စစ်ဆင်ခဲ့ပြီးပွဲချိန် ၁၀ မိနစ်လောက်အတွင်း ကောင်းကောင်း ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပမေယ့် ပွဲချိန် ၁၀ မိနစ်ကျော်မှာ မန်ယူအသင်း လီဗာပူးတိုက်စစ်ကို ကောင်းကောင်း ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ဖိအားပေးမှုတွေပြန်ပြုလုပ်နိုင်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းက ပိုပြီးတိုက်စစ်ဆင်ခဲ့နိုင်တယ်ဆိုပေမယ့် မန်ယူအသင်း နောက်တန်းအမှားအယွင်းနည်းခဲ့လို့ ခံသာခဲ့ရပါတယ်။

play

 

ပထမပိုင်းမှာ မန်ယူအသင်း တိုက်စစ်မှူး အီဗရာဟီမိုဟာ ခြေစွမ်းမပြနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းအားနည်းခဲ့ရပါတယ်။

play

 

၅၅ မိနစ်မှာ ပေါ့ဂ်ဘာရဲ့စွမ်းဆောင်မှုကတဆင့် အီဗရာဟီမိုဗစ်ခ်ျ အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်လို့ လီဗာပူး အသက်ရှုချောင်ခဲ့ရပြန်ပါတယ်။ ၇၆ မိနစ်မှာ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုကို လီဗာပူး ပြုလုပ်နိုင်ခဲ့ပြန်ပေမယ့် မာနေးနဲ့ ဖာမီနိုတွဲလုံးကို ဘေလီတားဆီးနိုင်ခဲ့ပါတယ်။

play

 

ပွဲပြီးခါနီးမှာ နှစ်သင်းလုံးဟာ ဂိုးရဖို့ထက် ဂိုးမပေးရဖို့ ပိုပြီး အာရုံစိုက်သွားတာကြောင့် ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးသွားပါတယ်။

Source  : flashscore/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ