EPL: လီဗာပူး ၀-၀ မန်ယူ ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

ပရိသတ်တွေ အားမရဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပရိသတ်တွေအားလုံး စိတ်ဝင်တစား စောင့်ကြည်ခဲ့ကြတဲ့ လီဗာပူး - မန်ယူပွဲစဉ်ဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ ကစားကွက်နဲ့ ရလဒ်အပေါ် အားမလို၊ အားမရ ဖြစ်ကြသူတွေရှိပေမယ့် ဂိုးမရှိသရေရလဒ်ဟာ ဘောလုံးလောကမှာ မကြာခဏ မြင်တွေ့ရတဲ့ ရလဒ်ဖြစ်ပါတယ်။

ဒီပွဲအပြီး စိတ်ဝင်စားစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ လိုချင်တဲ့ ရလဒ်ရသွားတဲ့ မော်ရင်ဟို

play

 

နည်းပြတိုင်းဟာ ဘယ်ပွဲမှာ ဘယ်လိုရလဒ် ရအောင်ယူနိုင်ရမယ်ဆိုတာမျိုး ကြိုတင်စဉ်းစားပြီး ပြင်ဆင်လာလေ့ရှိပါတယ်။ နိုင်ပွဲကိုသာ လိုချင်ကြသူတွေဖြစ်ပေမယ့် အခြေအနေအရ ပွဲအားလုံးနိုင်ဖို့ မဖြစ်နိုင်တဲ့အခါ လိုရချင်တဲ့ရလဒ် ထွက်ဖို့ ပြင်ဆင်လာလေ့ရှိပါတယ်။ လီဗာပူးနဲ့ပွဲမှာ မန်ယူကစားပုံအရ မော်ရင်ဟိုဟာ အန်ဖီးလ်မှာ မရှုံးဖို့ကို ဦးစားပေးပြင်ဆင်လာတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ မော်ရင်ဟိုဟာ လိုချင်တဲ့ရလဒ်ထွက်သွားတယ် ဆိုနိုင်ပါတယ်။

၂။ တိုက်စစ်လိုင်စင်ရသွားတဲ့ ပေါ့ဂ်ဘာ

play

 

အလယ်တန်းမှာ ကစားရပေမယ့် တိုက်စစ်ကို လိုက်ပါကစားချင်တယ်လို့ ပေါ့ဂ်ဘာက ပြောခဲ့ပါတယ်။ အခုတော့ ပေါ့ဂ်ဘာဟာ တိုက်စစ်ကို လိုက်ပါကစားမယ့် လိုင်စင် ရသွားခဲ့ပြီဖြစ်ပါတယ်။

၃။ ဝီနယ်လ်ဒမ် တန်ဖိုး ပိုသိလာတဲ့ လီဗာပူး

play

 

ဝီနယ်လ်ဒမ် မပါတဲ့ လီဗာပူးကွင်းလယ်ဟာ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ ဝီလ်နယ်ဒမ် ပါခဲ့ရင်ပိုကောင်းလာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

၎။ မေးခွန်းထုတ်စရာ ခါးရီးရက်စ်

play

 

လီဗာပူးမှာ နံပတ် - ၁ ဂိုးသမား ဖြစ်နေတဲ့ ခါရီးရက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ ဂိုးမပေးရသည့်တိုင် သိပ်မတည်ငြိမ်ဖြစ်နေသေးတဲ့ ခါးရီးရက်စ်ဟာ ဒီထက်ပိုပြီး စွမ်းဆောင်ရည် ကောင်းဖို့ လိုပါတယ်။

၅။ အခွင့်ရေး ရသွားတဲ့ စတာရစ်ခ်ျ

play

 

လယ်လာနာ ကြံ့ခိုင်မှု သိပ်မကောင်းခဲ့လို့ စတာရစ်ခ်ျအတွက် အခွင့်အရေး ရခဲ့ပါတယ်။ ဒါပေမယ့် စတာရစ်ခ်ျအနေနဲ့ ဂျာဂန်ကလော့ကို ကောင်းကောင်း သက်သေမပြနိုင်ခဲ့ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ