EPL: လီဗာပူးနှင့်ပွဲစဉ်တွင် ၁၃ နှစ်အတွင်း အဆိုးဆုံး စံချိန်တစ်ခု ရခဲ့သည့် မန်ယူ

အသင်းကစားသမားတွေနဲ့ ပရိသတ်တွေ လိုချင်မှာ မဟုတ်တဲ့ စံချိန်တစ်ခု ဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းက ၁၃ နှစ်အတွင်း အဆိုးရွားဆုံးစံချိန်တစ်ခု ရရှိသွားခဲ့ကြောင်း သိရပါတယ်။

လီဗာပူးနဲ့ပွဲစဉ်မှာ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု အလွန်နည်းပါးခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ ပြည့်သွားတဲ့အချိန်မှာ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး လီဗာပူးအသင်းက ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနဲ့တွေ့တွေ့ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ဒီလောက်နည်းပါးမျိုး မဖြစ်ဖူးခဲ့ပါဘူး။

play

 

ဘောလုံးပွဲ အချက်အလက်တွေ စုဆောင်းပေးတဲ့ Opta ဌာနရဲ့ အချက်အလက်အရ ဒီအချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ လီဗာပူးအသင်းရဲ့ အပိုင်အခွင့်အရေးတွေကို မန်ယူအသင်း ဂိုးသမား ဒီဂီယာ ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ