EPL: မန်ယူမှ ထွက်ခွာခဲ့ရသည့် အကြောင်းရင်းကို ဗန်ပါစီ ထုတ်ပြော

ဗန်ပါစီဟာ ၂၀၁၅ ခုနှစ်မှာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ မန်ယူအသင်းကို ကျောခိုင်းရတဲ့ အကြောင်းရင်းကို ဗန်ပါစီက ဖွင့်ဟလိုက်ပါတယ်။  ဗန်ပါစီဟာ မန်ယူအသင်းနဲ့ လမ်းခွဲပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ ရောက်ရှိခဲ့သူပါ။

play

 

လက်ရှိ ဖီနာဘာချီ တိုက်စစ်မှူးဖြစ်နေတဲ့ ဗန်ပါစီက ယနေ့ည ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်မှာ ဖြစ်ပါတယ်။ နည်းပြဟောင်း ဖာဂူဆန် မန်ယူအသင်းနည်းပြရာထူးက အနားယူသွားခဲ့ပြီးတဲ့နောက်မှာ အပြောင်းအလဲများစွာ ဖြစ်ခဲ့တဲ့အတွက် အခုလို အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဗန်ပါစီက ပြောပါတယ်။ တစ်နည်းအားဖြင့် နည်းပြဖာဂူဆန်မရှိတော့တဲ့အတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူကို ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တုန်းက ဖာဂူဆန်ဟာ နောက်ထပ်နှစ်အနည်းငယ် ရှိနေဦးမယ်လို့ သူထင်ခဲ့ပေမဲ့ တကယ်တမ်း အပြောင်းအလဲ ဖြစ်လာတဲ့အခါ ရှိထားခဲ့တဲ့ အစီအစဉ်အတိုင်း မလုပ်နိုင်ခဲ့ဘူးလို့ ဗန်ပါစီက ဝန်ခံခဲ့ပါတယ်။ " မန်ယူနဲ့ စာချုပ်ချုပ်ဖို့ လုပ်တော့ ဖာဂူဆန်နောက်ထပ် ဆက်ရှိနေဦးမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲများတဲ့ ဘောလုံးလောကမှာ ကိုယ့်ရဲ့ လမ်းကြောင်းကို ပုံသေထားလို့မရသလို နည်းပြတွေကိုလည်း ဘာလုပ်ပါလို့ ပြောလို့မရဘူး" လို့ ဗန်ပါစီက ပြောပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ