EPL: မိမိကို ပင်နယ်တီကန်ခွင့်ပေးသည့် ရွန်နေးကို လေးစားမိဟု ပေါ့ဂ်ဘာ ပြော

ဖီနာဘာချီနဲ့ ပွဲမှာ မန်ယူက ပင်နယ်တီ နှစ်လုံး ရခဲ့တာဖြစ်ပါတယ်။

 

ဖီနာဘာချီနဲ့ ပွဲစဉ်မှာ မိမိကို ပင်နယ်တီပေးကန်ခဲ့တဲ့ အသင်းခေါင်းဆောင် ရွန်နေးကို အလွန်လေးစားမိကြောင်း ပွဲအပြီးမှာ မန်ယူကစားသမား ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ပင်နယ်တီ နှစ်လုံးရခဲ့ပြီး ပထမအကြိမ်မှာ ပေါ့ဂ်ဘာက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

 

နောက်ထပ်သုံးမိနစ်အကြာမှာ ထပ်ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး မာရှယ်က ကန်သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ မော်ရင်ဟိုက ပင်နယ်တီနှစ်လုံးကို ကစားသမားနှစ်ဦးကန်တာ သူ့အတွက် ပြဿနာမရှိကြောင်းနဲ့ ကစားသမားတွေကို ဒီလိုဆုံးဖြတ်ပိုင်ခွင့် ပေးထားကြောင်း ဖြေရှင်းခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ညွှန်ကြားချက်အရ ပင်နယ်တီရလာတဲ့အခါ ဦးစားပေးအနေနဲ့ ရွန်နေး သို့မဟုတ် ပေါ့ဂ်ဘာကို ကန်စေဖို့ ဖြစ်ပါတယ်။

 

"ရလာတဲ့ ပင်နယ်တီကို ကျွန်တော်သို့မဟုတ် သူကန်ဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ရွန်နေးက ကျွန်တော့်ကို ကန်ခွင့်ပြုခဲ့တာပါ။ ပင်နယ်တီအတွက် အရမ်းပျော်ရပါတယ်။ ဒီလိုစိတ်မျိုးရှိတဲ့ ကျွန်တော့်အသင်းခေါင်းဆောင်ကို ကျွန်တော်အရမ်း လေးစားရပါတယ်" လို့ ပေါ့ဂ်ဘာက ပွဲအပြီး ပြောခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ