EPL: ဂွါဒီယိုလာ ထုတ်ပယ်မည့် ကစားသမား စာရင်းတွင် အဂူရိုနှင့် ကွန်ပနီ ပါဝင်

ဘာစီလိုနာနဲ့ပွဲမှာ အဂူရိုကို အရန်ခုံပို့ခဲ့ရာက စလို့ ဒီသတင်း ထွက်လာခဲ့တာပါ။

play

 

မန်စီးတီးအသင်းကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ နည်းပြဂွါဒီယိုလာ နောက်ဆုံးဖယ်ရှားမယ့် ကစားသမားတွေက တိုက်စစ်မှူး အဂူရိုနဲ့ အသင်းခေါင်းဆောင် ကွန်ပနီဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

play

 

နောက်ဆုံးကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူးအဂူရိုကို ထည့်သွင်းမကစားခဲ့ရာကစလို့ ဒီသတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဘက်ကတော့ အဂူရိုကို ထည့်သွင်းမကစားခဲ့တာဟာ နည်းစနစ်ပိုင်း ဗျူဟာဖြစ်တယ်လို့ ပြောပါတယ်။ ဘာစီလိုနာအသင်း ကွင်းလယ်ကိုဖျက်ဆီးဖို့အတွက် မန်စီးတီးက ကွင်းလယ်ကစားသမား များများလိုအပ်တာကြောင့် အဂူရိုကို မထည့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပွဲအပြီးမှာ ရှင်းပြခဲ့ပါသေးတယ်။

play

 

အသင်းတိုက်စစ်မှူး အဂူရိုနေရာကို အင်အားဖြည့်တင်းဖို့အတွက် မန်စီးတီးအသင်းက လာမယ့်ဇန်နဝါရီမှာ ပါးလ်မီးယက်စ်တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်ကို ခေါ်ယူဖို့လည်း နီးစပ်နေပါတယ်။ အဂူရိုကို နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်း တိုးမယ်လို့ ပြီးခဲ့တဲ့ တစ်လလောက်က သတင်းထွက်ခဲ့ပေမဲ့ အခုတော့ တရားဝင် မကြေညာသေးပါဘူး။

မန်စီးတီးအသင်း ခေါင်းဆောင် ကွန်ပနီကတော့ လာမယ့်နွေရာသီမှာ အသင်းက ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။ ဘာစီလိုနာနဲ့ ပွဲစဉ်မှာ ကွန်ပနီကို ၁၈ ယောက်ကစားသမား စာရင်းထဲမှာတောင် မထည့်သွင်းခဲ့ပါဘူး။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ