EPL: ချယ်လ်ဆီးနှင့်ပွဲ မန်ယူဂိုးသွင်းလျှင် အလွန်အကျွံအောင်ပွဲမခံဟု မော်ရင်ဟို ကတိပေး

ချယ်လ်ဆီးကို ရင့်ကျက်တဲ့ စိတ်နဲ့ပဲ ရင်ဆိုင်သွားမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

ချယ်လ်ဆီးနဲ့ပွဲမှာ မန်ယူအသင်း ဂိုးသွင်းနိုင်ခဲ့ရင် အလွန်အကျွံ အောင်ပွဲခံမှာ မဟုတ်ဘူးလို့  မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံခဲ့ရပေမယ့် ရင့်ကျက်တဲ့ စိတ်နဲ့ ရင်ဆိုင်မှာ ဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့အတူ ရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက် မော်ရင်ဟိုကို ချယ်လ်ဆီးအသင်းက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အခု အောက်တိုဘာ ၂၃ ရက်နေ့မှာ မော်ရင်ဟိုက မန်ယူအသင်းနည်းပြအဖြစ် ချယ်လ်ဆီးရဲ့အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play

" စိတ်ခံစားချက်ကို ထိန်းနိုင်တဲ့ ရင့်ကျက်မှု ကျွန်တော့်မှာ ရှိနေပါပြီ။ ဂိုးသွင်းရင် ကလေးတစ်ယောက်လို အလွန်အကျွံအောင်ပွဲခံမှာလား ခင်ဗျားက မေးတာကို မလုပ်ဘူးလို့ ကျွန်တော်ဖြေပါမယ်။ ကျွန်တော့်ကို မကောင်းတဲ့အမြင်နဲ့ တိုက်ခိုက်လာရင်တောင် ကျွန်တော်ဘာမှ တုန့်ပြန်မှာ မဟုတ်ပါဘူး" လို့မော်ရင်ဟိုက ပြောပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ