EPL: အသင်းကြီးတွေ ရလဒ်မကောင်းခဲ့တဲ့ စနေည ပရီးမီးယားလိဂ် ပွဲစဉ်များ

အာဆင်နယ်၊ စပါး၊ အဲဗာတန် စတဲ့အသင်းတွေအားလုံး အမှတ်ဆုံးရှုံးခဲ့ပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ အာဆင်နယ်အသင်းက အမှတ်ပေးဇယားအောက်ခြေက မစ်ဒယ်ဘရော့ကို အနိုင်ယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်ပွဲမတိုင်ခင် အစောပိုင်း ကစားခဲ့တဲ့ စပါးအသင်း သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရသလို အာဆင်နယ်အသင်းလည်း သရေရလဒ်နဲ့ သာကျေနပ်ခဲ့ရတာပါ။ တိုက်စစ်မှာ ဆန်းချက်ဇ်၊ အီဝိုဘီ၊ ဝဲလ်ကော့၊ အိုဇေးလ် စတဲ့ကစားသမားအားလုံး အာဆင်နယ် ထည့်သွင်းခဲ့ပေမယ့် လိုအပ်တဲ့ အဖွင့်ဂိုးရအောင် အာဆင်နယ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

play

 

ပထမပိုင်းမှာ မစ်ဒယ်ဘရော့ဘက်က ရာမီရက်ဇ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့လို့သာ အဖွင့်ဂိုး အရင်မပေးခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း တရစပ် တိုက်စစ်ဆင်ခဲ့ပေမယ့် မစ်ဒယ်ဘရော့ရဲ့ တန်ပြန်တိုက်စစ်ကို စိုးရိမ်နေရတာကြောင့်လွတ်လွတ်လပ်လပ် တိုက်စ်ဆင်ခွင့်မရခဲ့တာဖြစ်ပါတယ်။

play

 

တစ်ဖက်က ပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံ လက်စတာအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ အသက်ရှုချောင်ခဲ့ပါတယ်။ အဲဗာတန်အသင်းက အဝေးကွင်းမှာ ဘန်လေကို ချေပဂိုး သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ဂိုးကြောင့် ရှုံးသွားပြန်ပါတယ်။

play

 

ဆွမ်ဆီးအသင်းလည်း ဝက်ဖို့ဒ်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ စနေည ပွဲစဉ်တွေမှာ အာဆင်နယ်၊ စပါး၊ အဲဗာတန် စတဲ့ အသင်းကြီးတွေရလဒ်မကောင်းခဲ့ပါဘူး။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ