EPL: ချယ်လ်ဆီး - မန်ယူပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

မော်ရင်ဟိုအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ချယ်လ်ဆီးပြိုင်ဘက်အဖြစ် သွားရောက်ရမှာ ဖြစ်ပါတယ်။

play

 

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ မလွတ်တမ်း စောင့်ကြည့်ရမယ့် ချယ်လ်ဆီးနဲ့ မန်ယူအသင်း ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်ပါတယ်။ မော်ရင်ဟိုအတွက် ချယ်လ်ဆီးက အထုတ်ခံရပြီးနောက်ပိုင်း အနောက်လန်ဒန်က စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပထမဆုံးအကြိမ် လာရောက်ရမှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် သိထားသင်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဒဏ်ရာရ ပွဲပယ်

play

 

အိမ်ရှင်ချယ်လ်ဆီးဘက်မှာ ဖာဘရီဂတ်စ်နဲ့ အိုင်ဗန်နိုဗစ်ခ်ျ လွဲချော်မှာဖြစ်ပါတယ်။ မိခင်နာရေးဖြစ်ထားတဲ့အတွက် ဝီလျံကို ပြန်ထည့်ဖို့ မသေချာသေးပေမဲ့ ဇူးမားကတော့ ပြန်ကစားနိုင်ပြီဖြစ်ပါတယ်။

မော်ရင်ဟို မကြာခင် ကစားနိုင်တော့မယ်လို့ ပြောထားတဲ့ မက်ခီတာယန် ဒီပွဲမှာ ပြန်ပါလာနိုင်ပါတယ်။ စမောလင်းတော့ ဒီပွဲပါဖို့ သိပ်မသေချာပါဘူး။

၂။ ချယ်လ်ဆီးအတွက် အားသာချက်

play

 

ချယ်လ်ဆီးဟာ မန်ယူနဲ့ နောက်ဆုံး ၇ ကြိမ်တွေ့ရာမှာ တစ်ကြိမ်မှ မရှုံးထားပါဘူး။

မန်ယူအသင်းဟာ ချယ်လ်ဆီးနဲ့တွေ့ရင် ရှုံးပွဲမကြာခဏ တွေ့လေ့ရှိပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၁၆ ကြိမ် ရှုံးထားပါတယ်။

မန်ယူက လန်ဒန်မြေကို နောက်ဆုံး ရှစ်ပွဲဆက်တိုက်လာကစားထားရာမှာ တစ်ပွဲသာ နိုင်ထားပါတယ်။

၃။ မန်ယူအတွက် အားသာချက်

play

 

မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက မနှစ်က ချယ်လ်ဆီးနဲ့ တွေ့ရာမှာ နှစ်ကြိမ်လုံး ဂိုးသွင်းထားနိုင်သူပါ။

ပေါ့ဂ်ဘာက ပုံမှန်ခြေစွမ်းပြန်ရနေပြီိဖြစ်ပြီး ဂိုးပေါက်လည်း ပြန်တွေ့နေပါပြီ။

မော်ရင်ဟိုဟာ ချယ်လ်ဆီးရဲ့ ပြိုင်ဘက်အဖြစ် အင်တာမီလန်နဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချန်ပီယံလိဂ် ပွဲစဉ် လာကစားဖူးပြီး အဲဒီတုန်းက ချယ်လ်ဆီးထွက်ခဲ့ရပါတယ်။

၎။ ချယ်လ်ဆီး အဓိက ကစားသမား

play

 

ချယ်လ်ဆီးရဲ့ အဓိက ကစားသမားက ဒီရာသီ ဂိုးမြူးနေတဲ့ ကော်စတာ ဖြစ်လာမှာပါ။ ပရီးမီးယားလိဂ်မှာ ၇ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးလည်း ဖြစ်နေပါတယ်။

၅။ မန်ယူ အဓိက ကစားသမား

play

 

အီဗရာဟီမိုဗစ်ခ်ျကလည်း မန်ယူအတွက် အဓိက ကစားသမား ဖြစ်လာမှာပါ။ ကာဟေးလ်၊ ဒေးဗစ်လုဇ်နဲ့ အက်ဇပီလီကွယ်တာတို့က ဒီိတိုက်စစ်မှူးကို ထိန်းနိုင်မလားဆိုတာ သံသယဖြစ်စရာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ