EPL: ချယ်လ်ဆီးအိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ မန်ယူ

ပွဲစပြီး တစ်မိနစ်အကြာမှာတင် ချယ်လ်ဆီးအသင်း အဖွင့်ဂိုး ရခဲ့တာပါ။

play

 

စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လာတဲ့ မော်ရင်ဟိုရဲ့ ခရီးစဉ်ဟာ မလှမပ အဆုံးသတ်ခဲ့ရပါတယ်။

အိမ်ရှင် ချယ်ဆီးအသင်းက တိုက်စစ်မှာ ပက်ဒရို၊ ကော်စတာ၊ ဟာဇက်တို့ကို ထားပြီး ပွဲထွက်လာခဲ့တာပါ။  မန်ယူအသင်းကတော့ ရွန်နေးကို ချန်လှပ်ခဲ့ပြီး ဖယ်လိုင်နီကို ပွဲထုတ်ကာ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ အီဗရာဟီမိုဗစ်ခ်ျတို့ကို ပွဲထုတ်ခဲ့ပါတယ်။

play

 

ပွဲစပြီး ၁  မိနစ်အကြာမှာပဲ မထင်မှတ်ပဲ ချယ်လ်ဆီးအသင်း အဖွင့်ဂိုး ရခဲ့ပါတယ်။ ကွင်းတစ်ဝက်ကနေ အလွန်ဆိုက မန်ယူအသင်း ဂိုးအရှေ့ကို ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ပက်ဒရိုက ဘလင်းနဲ့ စမောလင်း နှစ်ယောက်လုံးကို ကျော်ဖြတ်ရုံသာ မက ဒီဂီယာကိုပါ လိမ်ခေါက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

play

 

ပွဲချိန် ၂၁ မိနစ်မှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ထောင့်ကန်ဘောကို ဟာဇက်ကန်တင်ရာမှာ မာတစ်ခေါင်းတိုက်ချလို့ ကျလာတဲ့ ဘောလုံးကို ကာဟေးလ်က အဆင်သင့်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပထမပိုင်း မပြီးခင်အထိမန်ယူအသင်း တိုက်စစ်ပြန်ဆင်ခဲ့ပေမယ့် ချယ်လ်ဆီးနောက်တန်း အတော်လေး ကျစ်လစ်ခဲ့တဲ့ အတွက် မန်ယူ ဂိုးမရ ဖြစ်ခဲ့ရပါတယ်။ 

play

 

၆၂ မိနစ်မှာ ချယ်လ်ဆီးအသင်းအတွက် အနိုင်သေချာစေမယ့် တတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ မာတစ်ရဲ့ ပေးပို့မှုကို ဂိုးဧရိယာထဲမှာ ဟာဇက်ဘောလုံးရရှိသွားခဲ့ပြီး ခြေယောင်ပြကာ ညာဘက်ဂိုးထောင့်ထဲကို သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ဒီပွဲမှာ မန်ယူအသင်း နောက်တန်း ညံ့ဖျင်းမှုကို သက်သေပြစေခဲ့တဲ့ စတုတ္ထဂိုးကို ချယ်လ်ဆီးအသင်းက ၇၀ မိနစ်မှာ သွင်းယူသွားပြန်ပါတယ်။ ပက်ဒရိုပြန်ချေပးလိုက်တဲ့ ဘောလုံးကို ကွင်းလယ်လူ ကန်တေက စမောလင်းကို အသာအယာ လိမ်ခေါက် သွင်းယူသွားတာ ဖြစ်ပါတယ်။ ကန်တွေရဲ့ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။

play

ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းက အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနဲ့ တစ်မှတ်အကွာကို ရောက်လာခဲ့ပြီး အဆင့်-၄ နေရာမှာ ရပ်တည်လျှက် ရှိပါတယ်။

Source : flashscore/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ