EPL: အရှက်တကွဲ ရှုံးပြီးနောက် ရယ်ရယ်မောမော ဂျာစီလဲသည့် ကစားသမားများကို ရွိုင်ယန်ဂစ် ဝေဖန်

ရှုံးပွဲတွေ့ပြီးတဲ့အခါ ဒီလိုမလုပ်သင့်ဘူးလို့ မန်ယူနည်းပြဟောင်း ဖြစ်ခဲ့တဲ့ ရွိုင်ယန်ဂစ်က ဆိုပါတယ်။

play

 

ချယ်လ်ဆီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ ပွဲအပြီးမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ရယ်မောနှုတ်ဆက်ပြီး အင်္ကျီဂျာစီ လဲခဲ့ကြတဲ့ ကစားသမားတွေကို အသင်းကစားသမားဟောင်း/ နည်းပြဟောင်း ရွိုင်ယန်ဂစ်က ဝေဖန်လိုက်ပါတယ်။

play

 

၎-၀ နဲ့ ရှုံးသည့်တိုင်အောင် ဂျာစီလဲဖို့သာ အာရုံစိုက်မနေသင့်ခဲ့ဘူးလို့ နည်းပြဟောင်း ရွိုင်ယန်ဂစ်က ပြောပါတယ်။ ပွဲအပြီးရိုက်ထားတဲ့ ရုပ်သံမြင်ကွင်းနဲ့ ဓာတ်ပုံတွေအရ အီဗရာဟီမိုဗစ်ခ်ျက ဟာဇက်နဲ့ ရယ်မောနှုတ်ဆက်ပြီး ဂျာစီလဲလှယ်ခဲ့ကြတာတွေ့ရပါတယ်။ ဘောလုံးပွဲရှုံးတာဟာ သဘာဝဖြစ်ပေမဲ့ ရှုံးပွဲကြုံပြီးနောက် ဒီလိုလုပ်တာကိုတော့ မနှစ်သက်ဘူးလို့ ရွိုင်ယန်ဂစ်က သူ့ရဲ့အသင်းဟောင်းကို ဝေဖန်ခဲ့ပါတယ်။

play

 

" ခင်ဗျားတို့ဘောလုံးပွဲ ရှုံးလို့ရပါတယ်။ ဒါပေမဲ့ ရှုံးပြီးတဲ့အခါ အင်္ကျီလဲဖို့လောက် လုပ်နေတာကိုတော့ကျွန်တော်မကြိုက်ဘူး။ ဒီအတွက် ကျွန်တော့်ကို ခေတ်နောက်ပြန်ဆွဲသူလို့ ခေါ်ချင်လည်းခေါ်ပါ။ ရှုံးပြီးတဲ့အခါ ကွင်းထဲမှာ ကြာကြာဆက်နေပြီး ပြိုင်ဘက်နဲ့ ဂျာစီလဲဖို့ လုပ်နေလို့ မရပါဘူး" လို့ ယာယီနည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရွိုင်ယန်ဂစ်က ပြောပါတယ်။ ဒီရှုံးပွဲဟာ မော်ရင်ဟိုလက်ထက် မန်ယူအတွက် အကြီးမားဆုံး ရှုံးပွဲ ဖြစ်ပါတယ်။

play

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ