EPL: ချယ်လ်ဆီးနှင့်ပွဲအပြီး နည်းပြကွန်တီကို မော်ရင်ဟို ဘာပြောခဲ့သလဲ

ချယ်လ်ဆီးကို ၄-၀ ဂိုးနဲ့ ရှုံးပြီးနောက် ပြိုင်ဘက်နည်းပြကွန်တီကို မော်ရင်ဟို ဘာပြောခဲ့တာလဲဆိုတာ သိရပြီဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးက မန်ယူကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မော်ရင်ဟိုက ချယ်လ်ဆီးနည်းပြ ကွန်တီကို ဘေးချင်းကပ်ပြီး ပြောခဲ့တဲ့ စကားဟာ ဘာဖြစ်မလဲလို့ ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။ မော်ရင်ဟိုက ပြိုင်ဘက်နည်းပြ ကွန်တီကို ပြောခဲ့တာ သာမန်နှုတ်ဆက်စကားမဟုတ်ဘူးလို့ သိရပါတယ်။

play

 

ချယ်လ်ဆီးက မန်ယူအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့အပေါ် မော်ရင်ဟိုက မကျေမနပ်နဲ့ ကွန်တီကို စောဒကတက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းအပေါ် သာမန်အနိုင်ယူခဲ့တာမျိုးမဟုတ်ဘဲ ၄-၀ ဂိုးနဲ့အနိုင်ယူတာဟာ အနိုင်ကျင့် အရှက်ခွဲတာဖြစ်ကြောင်း မော်ရင်ဟိုက ကွန်တီကို ပြောခဲ့တာလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

play

 

" ကျွန်တော့်အမြင်ပေါ့လေ။ ၄ ဂိုးအထိ ခင်ဗျားသွင်းစရာမလိုပါဘူး။ တစ်ဂိုးလည်း နိုင်တာပဲလေ။ လေးဂိုးဆိုတာကတော့ အရှက်ခွဲရာကျတာပေါ့" ဆိုပြီး မော်ရင်ဟိုက ပြောခဲ့တာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာတော့ မော်ရင်ဟိုက ထုတ်မပြောခဲ့ကြောင်း သိရပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီဘက်ကလည်း သူ့အနေနဲ့ အားလုံးကို လေးစားကြောင်းနဲ့ အပျော်သက်သက် ဘာကိုမှ လုပ်ခဲ့တာမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြန်ဖြေရှင်းခဲ့ပါတယ်။

  • Source : Mirror
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ