EPL: ပရီးမီးယားလိဂ် ပွဲစဉ် (၉) အပြီး လေ့လာစရာ အချက် (၅) ချက်

အသင်းကြီးအချို့ ရလဒ်မကောင်းခဲ့တဲ့ ရက်သတ္တပတ် ဖြစ်ပါတယ်။

play

 

ပရီးမီးလိဂ် ပွဲစဉ် ၉ ပြီးဆုံးသွားချိန်မှာ မန်စီးတီးက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားဆဲ ဖြစ်ပါတယ်။ အာဆင်နယ်၊ မန်စီးတီးစတဲ့အသင်းတွေရလဒ်မကောင်းခဲ့သလို မန်ယူလည်း စတမ်းဖို့ဒ်ဘရစ်မှာ အကြီးအကျယ် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာပါ။

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီ့း လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ရွေးချယ်မှု မှန်ခဲ့တဲ့ ဟာဇက်နဲ့ ကော်စတာ

play

 

မနှစ်က ဘောလုံးရာသီ ချယ်လ်ဆီးရလဒ်တွေမကောင်းဘဲ မော်ရင်ဟိုထွက်သွားရတော့ အချို့ပရိသတ်တွေက ဟာဇက်နဲ့ ကော်စတာကို မော်ရင်ဟိုနောက်ကျော ဓားနဲ့ထိုးခဲ့သူလို့ ပြောကြပါတယ်။ မော်ရင်ဟိုကိုယ်တိုင်လည်း ဒီလိုစကား ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဟာဇက်နဲ့ ကော်စတာလုပ်ရပ်က မှန်ကန်ကြောင်း ဒီရာသီမှာ သက်သေပြနေပါတယ်။

၂။ ကျရိပ်ပြနေတဲ့ မန်စီးတီး

play

 

အောက်တိုဘာလထဲမှာ မန်စီးတီးကလည်း ရလဒ်တွေ ဆိုးရွားလာနေပါတယ်။ အခုဆောက်သမ်တန်နဲ့ သရေကျပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲ ဆိုပေမဲ့ အာဆင်နယ်၊ လီဗာပူး တို့နဲ့ အမှတ်တူနေပြီဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ သူ့ရဲ့ပုံစံကို လက်မလွှတ်ဘူးလို့ ခေါင်းမာနေဆဲပါ။

၃။ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာသူ

play

 

ဒီနှစ်လီဗာပူးအသင်းမှာ အတောက်ပဆုံးက ကော်တင်ဟိုဖြစ်ပါတယ်။ မန်ယူနဲ့ပွဲတုန်းကလည်း ခပ်လှမ်းလှမ်းက ကော်တင်ဟို လှမ်းကန်လိုက်တဲ့ ဘောလုံးဟာ ဒီဂီယာစွမ်းစွမ်းတမံ ကာကွယ်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။ ဒီတစ်ပတ် ဝက်စ်ဘရွန်းကို နိုင်ခဲ့တဲ့ပွဲမှာလည်း ကော်တင်ဟိုရဲ့ တောက်ပတဲ့ခြေစွမ်းကို မြင်ခဲ့ရပါတယ်။

၎။ မွေးနေ့လက်ဆောင် မရခဲ့တဲ့ အာစင်ဝင်းဂါး

play

 

အာစင်ဝင်းဂါးရဲ့မွေးနေ့မှာ အာဆင်နယ်အသင်းက မွေးနေ့လက်ဆောင် အနိုင်သုံးမှတ်မပေးနိုင်ခဲ့ပါဘူး။ မစ်ဒယ်ဘရော့ကိုသာ နိုင်ခဲ့ရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့်အခွင့်အရေးကိုပါ လက်လွှတ်ခဲ့ရပါတယ်။

၅။ ဒုက္ခရောက်နေတဲ့ မိုယက်စ်

play

 

မန်ယူနည်းပြဟောင်း မိုယက်စ်ဟာ အခုချိန်ထိ နည်းပြကောင်းတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို မပြနိုင် ဖြစ်နေဆဲပါ။ ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ လက်ရှိအထုတ်ခံရဖို့ များနေတဲ့ နည်းပြလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းကို ရှုံးပြီးနောက် ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယားအောက်မှာ ရှိနေပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ