EPL: လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုထက် ပိုကောင်းတယ်ဆိုတဲ့ ချယ်လ်ဆီး ကစားသမား

ရော်နယ်ဒိုထက်တောင် ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားလို့ ဒေးဗစ်လုဇ်က ပြောပါတယ်။

play

 

ချယ်လ်ဆီးအသင်းကစားသမား ဒေးဗစ်လုဇ်က သူ့ရဲ့ချယ်လ်ဆီးအသင်းကစားသမားတစ်ဦးဟာ လေ့ကျင့်ရေးကွင်းမှာဆိုရင် ရော်နယ်ဒိုထက်တောင် ပိုကောင်းသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

play

 

မန်ယူအသင်းနဲ့ပွဲစဉ်မှာ နောက်ဆုံးဂိုးသွင်းယူခဲ့တဲ့ ကန်တေဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ထူးခြားပြောင်မြောက်တဲ့ ခြေစွမ်းကို အမြဲပြသနိုင်သူဖြစ်ပြီး ရော်နယ်ဒိုထက်တောင် ဂိုးပိုသွင်းနိုင်သူလို့ အသင်းဖော် ဒေးဗစ်လုဇ်က ပြောခဲ့တာပါ။ ချယ်လ်ဆီးအသင်းက လက်စတာကစားသမားဟောင်း ကန်တေကို ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး အခု အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။

play

 

" သူက (လေ့ကျင့်ရေးကွင်းမှာ) ဂိုးအများကြီးသွင်းနိုင်သူပါ။ ရော်နယ်ဒိုထက်တောင် ပိုသွင်းနိုင်ပါသေးတယ်။ တကယ်ကို ပြောင်မြောက်တဲ့ ကစားသမားပါ" လို့ ဒေးဗစ်လုဇ်က ပြောပါတယ်။ အသင်းမှာ ကန်တေခြေစွမ်းပြနေတာကို အားလုံးက မြင်တာကြောင့် သူ့အတွက် ပျော်ရွင်မိတယ်လို့ ဒေးဗစ်လုဇ်က ဆိုခဲ့တာပါ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ