EPL: တန်ဖိုးနည်း လေကြောင်းလိုင်းကိုသာ ရွေးချယ်တဲ့ သန်းကြွယ်ဘောလုံးသမား စတာလင်

သာမန်လူတွေ စီးနင်းတဲ့ ဒီလိုလေကြောင်းလိုင်းမှာ စတာလင်ကို မြင်လိုက်ရတော့ ပရိသတ်ဟာ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

play

 

တစ်ပတ်လုပ်ခလစာငွေ ပေါင် နှစ်သိန်း ရရှိနေတဲ့ မန်စီးတီးအသင်းကစားသမား စတာလင်ဟာ အပန်းဖြေ ခရီးစဉ်က အပြန်မှာ တန်ဖိုးနည်းလေကြောင်းလိုင်းကိုသာ ရွေးချယ်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

play

 

စပိန်နိုင်ငံ မာဘယ်လာကမ်းခြေမြို့က အပြန်မှာ သန်းကြွယ်ဘောလုံးသမား စတာလင်ကို တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုပေါ်မှာ ပရိသတ်အချို့က အံ့အားသင့်ဖွယ်ရာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ စတာလင်ဟာ ဒူးဒဏ်ရာကြောင့် ယခုလအတွင်း အင်္ဂလန်အသင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်အချို့ကိုလည်း လွဲချော်ခဲ့ပါသေးတယ်။ ဒဏ်ရကြောင့် အနားယူရမယ့် စတာလင်ကို အသင်းက အပန်းဖြေခရီးစဉ် သွားဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

play

 

တစ်လဝင်ငွေ ပေါင် ၈ သိန်းလောက်ရှိတဲ့ စတာလင်ဟာ ပေါင် ၈၀ ခန့်သာ ကုန်ကျတဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းကို ရွေးချယ်စီးနင်းလို့ ပရိသတ်တွေကြားမှာ ထူးထူးဆန်းဆန်း ဖြစ်ခဲ့တာပါ။ စတာလင်ဟာ မနှစ်က မန်စီးတီးအသင်းကို ပေါင် ၄၉ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး အခု အပန်းဖြေခရီးစဉ်မှာ ချစ်သူ မီလျံနဲ့အတူ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ