EPL: စပါးနှင့်ပွဲ နှစ်ဂိုးသွင်းခဲ့သည့် စတာရစ်ခ်ျကို နည်းပြဂျာဂင်ကလော့ ချီးကျူး

စတာရစ်ခ်ျက နှစ်ဂိုးသွင်းပေးပြီး လီဗာပူးကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တာပါ။

play

 

လီဗာပူးအသင်းတိုက်စစ်မှူးစတာရစ်ခ်ျအပေါ် ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးဘူးလို့ အသင်းနည်းပြ ဂျာဂင်ကလော့က ပြောကြားလိုက်ပါတယ်။

play

 

ယနေ့ မနက် အစောပိုင်းကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်တွေမှာ စပါးအသင်းကို စတာရစ်ခ်ျက နှစ်ဂိုးသွင်းယူပြီး လီဗာပူးအတွက် နိုင်ပွဲရှာဖွေပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းက စပါးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ ပွဲစပြီး ၉ မိနစ်မှာတင် လီဗာပူးအသင်းအတွက် စတာရစ်ခ်ျက အဖွင့်ဂိုး သွင်းခဲ့တာဖြစ်ပြီး ၆၄ မိနစ်မှာ တစ်ခါ နောက်ထပ် ဒုတိယဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။

play

 

စတာရစ်ခ်ျဟာ လီဗာပူးအတွက် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဂိုးမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး နှစ်လအတွင်းမှာ ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။ " ဒါ သူ့ရဲ့မွေးရာပါ အရည်အသွေးပါပဲ။ သူ့ရဲ့ခွန်အားတွေပါ။ သူက တကယ်ကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒါကို သံသယရှိစရာမလိုပါဘူး။ ကျွန်တော်လည်း ဘယ်တုန်းကမှ သံသယ မရှိခဲ့ပါဘူး" လို့ ဂျာဂင်ကလော့က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ