EPL: ကလေးမဆန်ဘဲ ယောက်ျားပီသဖို့ မန်ယူကစားသမားများကို မော်ရင်ဟိုတိုက်တွန်း

ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲက ပြန်နိုးထကြဖို့ မန်ယူကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

play

 

ယနေ့ည မန်စီးတီးအသင်းနဲ့ တွေ့ရမယ့် လိဂ်ဖလားပြိုင်ပွဲမှာ ယောက်ျားပီပီသသ ယှဉ်ပြိုင်ဖို့ မော်ရင်ဟိုက မန်ယူအသင်းသားတွေကို သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ချယ်လ်ဆီးထံမှာ ဂိုးပြတ်ရှုံးပွဲတွေ့ခဲ့ရပေမဲ့ ပုန်းရှောင်မနေဘဲ ရလဒ်ကောင်းအောင် ပြန်ကြိုးစားဖို့ သတိပေးလိုက်တာပါ။

play

 

ယောက်ျားတွေ ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ ရှောင်ပုန်းဖို့ ဘယ်မှာမှ နေရာမရှိဘူးလို့ မော်ရင်ဟိုက ပွဲမတိုင်ခင် ပြောခဲ့ပါတယ်။ ဘောလုံးအသင်းဆိုတာ တစ်ပွဲပြီးရင် နောက်တစ်ပွဲအတွက် အမြဲပြင်ဆင်ရလေ့ရှိတာကြောင့် လန်ဒန်မှာ အရှက်တကွဲရှုံးပွဲ ကြုံခဲ့ရာက ပြန်လည်နိုးထကြဖို့ မော်ရင်ဟိုက ဆိုခဲ့တာပါ။

play

 

" ဒီရှုံးပွဲအတွက် တကယ်ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ဒါဟာ ကလေးတွေကစားတဲ့ ပြိုင်ပွဲမဟုတ်ပါဘူး။ ရှောင်ပုန်းနေလို့ မရဘူးလေ။ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက်တော့ဒါဟာ စိတ်မကောင်းစရာ ရှုံးပွဲပါ။ ကျွန်တော်တို့ ခက်ခဲတဲ့ ပြိုင်ပွဲအချို့ကို ရင်ဆိုင်ခဲ့ရတယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

" ထပ်ပြောရရင်ဒါဟာ လူကြီးတွေကစားတဲ့ပြိုင်ပွဲပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ