EPL: ပွဲထွက်ခွင့် ရလိုလျှင် အသင်းပြောင်းဖို့ ရွန်နေးကို မော်ရင်ဟို တိုက်တွန်းထားဟုဆို

ရွန်နေးကို တရုတ်စူပါလိဂ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

play

 

မန်ယူအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ရွန်နေးအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်လိုချင်ရင် အသင်းပြောင်းနိုင်ကြောင်း မော်ရင်ဟိုက သတိပေးထားတယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ရွန်နေးဟာ လက်ရှိမန်ယူအသင်းမှာ ပုံမှန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပွဲထွက်ခွင့်မရဘဲ လူစားဝင်ကစားခွင့်သာ ရလျက်ရှိပါတယ်။ မန်ယူအသင်းမှာ ရွန်နေးကိုပွဲထွက်ခွင့် ပြန်ပေးဖို့ မော်ရင်ဟိုဘက်က ဘယ်လိုအာမခံချက်မှ မပေးထားကြောင်း သိရပါတယ်။ အသင်းခေါင်းဆောင် ရွန်နေးကို တရုတ်စူပါလိဂ်ကလပ်အချို့နဲ့ မေဂျာလိဂ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းစာတွေက ရေးသားဖော်ပြကြပါတယ်။

play

 

ဘဏ္ဍာရေးအရ အင်အားတောင့်တင်းတဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းအသင်းကလည်း မန်ယူအသင်းခေါင်းဆောင် ရွန်နေးကို တစ်ပတ်လစာ ပေါင်ငါးသိန်လောက်အထိပေးပြီးခေါ်ယူလိုလျက်ရှိပါတယ်။ ဒါပေမဲ့ ရွန်နေးဘက်ကတော့ မန်ယူအသင်းကို မစွန့်ခွာလိုသေးဘဲ ဆက်ရဖို့ ကြိုးစားနေတယ်လို့ ဗြိတိန်မီဒီယာတွေ ရေးသားကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ