EPL: ချယ်လ်ဆီးဂိုးပြတ်အရှုံးအတွက် မော်ရင်ဟို ဒုတိယအကြိမ် တောင်းပန်

မန်စီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်တဲ့ပွဲအပြီးမှာ အရင်အပတ်က ရှုံးပွဲအတွက် တောင်းပန်ခဲ့တာဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအတွက် ပရိသတ်တွေကို မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ထပ်မံ တောင်းပန်လိုက်ပါတယ်။ မန်စီးတီးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲအပြီးမှာ မော်ရင်ဟိုက တောင်းပန်ခဲ့တာဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင်ကလည်း ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ရလဒ်အတွက် လေးလေးနက်နက် တောင်းပန်ကြောင်း မော်ရင်ဟို ပြောခဲ့ပါသေးတယ်။ အခု မန်စီးတီးကို အနိုင်ရပြီးတဲ့အခါ မော်ရင်ဟိုက မီဒီယာတွေရှေ့မှာ စကားပြောပြီး တောင်းပန်ခဲ့တာတော့ မဟုတ်ပါဘူး။

play

 

ပွဲကြည့်စင်မှာရှိနေတဲ့ ပရိသတ်တွေဘက်လှည့်ကာ လက်အုပ်ချီကာ ခေါင်းကိုညွတ်ပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။ ၄-၀ ဆိုတဲ့သင်္ကေတကို လက်နဲ့ လုပ်ပြကာ ဒီလိုလက်အုပ်ချီ တောင်းပန်ခဲ့တာပါ။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ