EPL: မန်ယူ ၁-၀ မန်စီးတီး လိဂ်ဖလား ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်

မန်စီးတီး ရှုံးပွဲတွေ့ခဲ့ပေမဲ့ ဒီပွဲမှာ အမြတ်ထွက်ခဲ့တာတွေရှိပါတယ်။

play

 

ပြီးခဲ့တဲ့တစ်ပတ်က ဂိုးပြတ်ရှုံးပွဲကို ချေဖျက်ဖို့အတွက် မန်စီးတီးအသင်းနဲ့ တွေ့ခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲမှာ မန်ယူအသင်း အနိုင်ရအောင် ကြိုးစားရုန်းကန်နိုင်ခဲ့ပါတယ်။ ဒါဘီပွဲမှာ မန်စီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် EFL လိဂ်ဖလား ကွာတားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ပါတယ်။

မန်ယူကို ဖိအားလျော့သွားစေခဲ့ပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် ဖိအားများသွားစေတဲ့ ဒီပွဲအပြီး လေ့လာစရာ အချက် (၅)

ချက်ရှိပါတယ်။

၁။ ဂွါဒီယိုလာထက် ဖိအားများနေတဲ့ မော်ရင်ဟို

play

 

ချယ်လ်ဆီးကို လေးဂိုးပြတ် ရှုံးပြီိးနောက်မှာ မော်ရင်ဟို ဖိအားအတော်များနေသူပါ။ မန်စီးတီးလည်း နိုင်ပွဲတွေပျောက်နေလို့ ဂွါဒီယိုလာ ဖိအားများနေပေမဲ့ မော်ရင်ဟိုက ပိုများတယ်ဆိုတာ ဒီပွဲက သက်သေပြခဲ့ပါတယ်။ လူငယ်တွေအများစု ထုတ်သုံးတဲ့ ဒီလိုပြိုင်ပွဲမှာ မော်ရင်ဟိုက အင်အားတောင့်တင်းတဲ့ အသင်းကိုထုတ်ပြီး နိုင်ပွဲရှာဖွေသွားခဲ့ပါတယ်။

၂။ မန်စီးတီအတွက် အရှုံးထဲက အမြတ်

play

 

ဒီပွဲရှုံးခဲ့ပေမဲ့ မန်စီးတီး အမြတ်ထွက်ခဲ့တာကတော့ ညာနောက်ခံလူ မက်ဖေယိုကို ပွဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဇာဘလက်တာနဲ့ ဆက်ဂ်နာတို့က အသက်ရလာပြီဖြစ်လို့ ညာနောက်ခံကစားသမား လိုအပ်နေတဲ့ မန်စီးတီးအတွက် မက်ဖေယိုဟာ အလားအလာ များစွာ ရှိနေပါတယ်။

၃။ မေးခွန်းထုတ်စရာဖြစ်လာတဲ့ ဇလေတန်

play

 

ပထမပိုင်းမှာ ဇလေတန်အီဗရာဟီမိုဗစ်ခ်ျရဲ့ ကစားပုံဟာ အတော်ဆိုးရွားခဲ့တယ်လို့ လီဗာပူး ကစားသမားဟောင်း ကာရေဂါက ဝေဖန်ပါတယ်။ နောက်ပိုင်းပွဲတွေ ဂိုးမသွင်းနိုင်ပေမဲ့ ပွဲတိုင်းထုတ်သုံးနေတဲ့ ဇလေတန်ကို အနားပေးဖို့ လိုအပ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။

၎။ ကြံ့ခိုင်မှု မပြည့်သေးတဲ့ ကွန်ပနီ

play

 

ကွန်ပနီကို ဒီပွဲထုတ်သုံးခဲ့ပေမဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရပါတယ်။

၅။ မာတာအပေါ် အမြင်ပြောင်းလာတဲ့ မော်ရင်ဟို

play

 

မာတာကို ချယ်လ်ဆီးကနေ မန်ယူကို ရောင်းထုတ်ခဲ့တာ မော်ရင်ဟိုပါ။ ဒါပေမဲ့ အခုမာတာဟာ မန်ယူမှာ ပိုပြီး အံဝင်တယ်လို့မော်ရင်ဟိုကိုယ်တိုင်ထုတ်ပြောခဲ့ပါတယ်။ သူဟာ အနိုင်ဂိုးရှင်လည်းဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ