EPL: လိဂ်ဖလား ပြိုင်ပွဲတွင် ချယ်လ်ဆီးနှင့် ဝက်စ်ဟမ်း ပရိသတ်များ ရန်ဖြစ်

သွေးထွက်သံယို ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။

play

 

ယမန်နေ့ညက ကစားခဲ့တဲ့ EFL လိဂ်ဖလားပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာ အိမ်ရှင်အဖြစ် ဝက်စ်ဟမ်းအသင်းက ချယ်လ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

ှနှစ်ဖက်ပရိသတ်ရဲ့ အခြေအနေကို ထိန်းသိမ်းဖို့ ဒီပွဲမှာ ရဲအရာရှိ စံချိန်တင် ရန်ပွဲကိုတော့ မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ အစပိုင်းမှာ နှစ်ဖက်ပရိတ်သတ် အချင်းချင်း အပြန်အလှန် ရန်ဆောင်အော်ဟစ်ခဲ့ကြရာကစပြီး ပုလင်းတွေ၊ အခြားရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီးအမျိုးသားတစ်ဦးဆိုရင် ရန်ပွဲကြောင့် ခေါင်းမှာ ဒဏ်ရာရသွားခဲ့တာလို့ ဓာတ်ပုံတွေနဲ့မှတ် တမ်းတင်နိုင်ခဲ့ပါတယ်။

play

 

ရန်ပွဲကို  အဆုံးသတ်ပြီး အဝေးကွင်းလာကစားရတဲ့ ချယ်လ်ဆီးပရိသတ်တွေကို လုံခြုံရေးပေးပြီး ခေါ်ထုတ်ခဲ့ပေမဲ့ အိုလံပစ် အားကစားကွင်းနဲ့ ဘူတာရုံဟာ တစ်မိုင်လောက် ခရီးရှည်လျားခဲ့တာကြောင့် ထိန်းသိမ်းဖို့ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုတောင် ခေါ်ယူခဲ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ